Ch- 31.3

1.6K 192 3
                                    

အခန်း ၃၁ အပိုင်း ၃

တံခါးအပြင်ဘက်တွင် ဟော်မင်ဝူက သူ့မြင်းအနားသို့ ရောက်သောအခါ ယဲ့ရှန်း၏ရထားလုံးက ထွက်သွားပြီဆိုတာကို မြင်လိုက်ရသည်။

သူ မြင်းပေါ်တက်ထိုင်လိုက်ပြီး မြင်းကို ရှေ့သို့ သွားစေရန် ဇက်ကြိုးကို အေးစက်စွာ ဆွဲလိုက်သည်။

ရှောင်းယိုနဥ်ကို ယဲ့ရှန်းနှင့် အဆက်အသွယ် နည်းပါးစေမည့် နည်းလမ်းကို စဉ်းစားရမည်ဟု သူတွေးနေခဲ့သည်။ ယဲ့ရှန်းက နန်းတော်ထဲမှာ တစ်ချိန်လုံးရှိနေခဲ့တာမှန်ပေမယ့် ပန်းတွေဝိုင်းရံထားတဲ့ လရောင်အောက်မှာ ရှောင်းယိုနဥ်နဲ့အတူရှိနေတယ်ဆိုရင် သူက သနားစရာကောင်းလောက်အောင် သေဖို့ပဲရှိတော့တယ်!

သို့သော်လည်း ဟော်မင်ဝူ၏မြင်းက လမ်းကြားမှ ပြေးထွက်လာသည်နှင့် တပြိုင်နက် ယဲ့ရှန်း၏ ရထားလုံးက ရှောင်းဟူသော စကားလုံးများရေးထားသော မီးပုံးများဆီသို့ ဖြည်းညှင်းစွာ ပြန်လာခဲ့သည်။

ယဲ့ရှန်းက ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ ကျန့်ယင်က သူ့မျက်နှာကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူ့သခင်က ရောက်လာကြောင်းကို သူ့ကိုယ်သူတောင် မကြေငြာဘဲ တံခါးဝကနေ အေးအေးဆေးဆေးပဲ ပြန်ဝင်သွားသည်။

ယဲ့ရှန်း ရောက်ရှိလာကြောင်း သူမ ကြားသိရသောအခါတွင် ရှောင်းယိုနဥ်က ပင်မအခန်းသို့ ပြန်လာကာ ထိုင်တော့မည်ဖြစ်သည်။ ပဉ္စမသခင်ယဲ့က သူမကို လက်ဆောင်ပေးသည့် ရည်ရွယ်ချက်ကို သူမ တွေးကြည့်နေခဲ့သည်။

ယွမ်ကော်က အံ့သြပြီး ကျယ်လောင်စွာနဲ့ "တာအိုဘုန်းကြီး တစ်ခုခု ကျန်ခဲ့တာ ရှိလို့လား"

ယွမ်ကော်က ကြားတာနဲ့ အရင် ထွက်လာခဲ့လိုက်သည်။ တံခါးဝသို့ သူမ ရောက်သောအခါတွင် ယဲ့ရှန်းက လျင်မြန်စွာ လျှောက်လာနေပြီး သူ၏အင်္ကျီလက်ဝကျယ်များက ခြံဝင်းအတွင်း ပျံဝဲနေသည်ကို သူမတွေ့လိုက်ရသည်။

"တာအို ဘုန်းကြီး" ယွမ်ကော်က ဦးညွှတ်ပြီး သူရောက်လာကြောင်း ကြေငြာချင်ပေမယ့် ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ ကျန့်ယင်က သူမကို ဂုတ်ကနေ လှမ်းဆွဲလိုက်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now