Ch- 10.2

2.6K 263 1
                                    

အခန်း ၁၀ အပိုင်း ၂

တာအိုသီလရှင်က သူနှင့်အတူ လိုက်မသွားဘဲ သူမအနားကို လျှောက်လာခဲ့သည်။

"ဒီက လူကြီးလူကောင်း၊ ကျေးဇူးပြုပြီး ဒီနိမ့်ကျတဲ့သီလရှင်နောက်ကို လိုက်ခဲ့ပါ"

"ဟမ်?" ရှောင်းယိုနဥ်အံ့သြသွားပြီး "ဘယ်သွားမလို့လဲ"

တာအိုသီလရှင်က သူမ စိတ်ရှုပ်နေတာကို မြင်လိုက်ရတော့  ညင်သာစွာ ပြုံးပြီး ရှောင်းယိုနဥ်၏စိတ်ရှုပ်ထွေးမှုကို ရှင်းလင်းပေးရန်အတွက် "အခုချိန်ထိ မင်းမှာ သွားစရာနေရာ မရှိဘူးမလား။ မင်း ဒီမှာ ခနနေနိုင်ပြီး သွားစရာနေရာရှာတွေ့တဲ့အထိ နေနိုင်ပါတယ်။"

ရှောင်းယိုနဥ် ရုတ်တရက် သဘောပေါက်သွားသည်။

တာအိုဘုန်းကြီးဝူယဲ့က တာအိုသီလရှင်ကို ခုနက ပြောပေးနေတာလား။

ဤသည်မှာ သူနေထိုင်ရာနေရာမဟုတ်သည်မှာ အမှန်ပင်။ သူမသည် မိန်းကလေးဖြစ်သောကြောင့် သူမနေရန် နေရာရှာပေးခဲ့သည်။ တာအို ဘုန်းကြီးသည် ဤလူ့လောကမှ ခုန်ထွက်သွားသော်လည်း၊ နောက်ဆုံးတွင် သူသည် ယောကျာ်းတစ်ယောက်ဖြစ်ဆဲပင်။

မျှော်လင့်ထားသည့်အတိုင်း တာအိုဘုန်းကြီးက အပေါ်ယံအေးစက်သော်လည်း စိတ်နှလုံးကောင်းရှိသူဖြစ်သည်။ သူမအတွက် အရာအားလုံးကို စီစဉ်ပေးခဲ့သည်။

သူမက သူ့ကို ကောင်းချီးပေးကာ ကျေးဇူးတင်ကြောင်းပြောပြီး သူမဘေးမှ ယွမ်ကော်လည်း ပျော်ရွှင်နေပုံရသည်။ သူတို့ အခြေအနေက ပြန်ကောင်းမလာသေးတဲ့အတွက် မြို့တော်ကိုပြန်လဲ တည်းခိုခန်းတွေမှာ တည်းခိုဖို့ လိုအပ်သည်။ ငြိမ်းချမ်းတဲ့ တာအို ဘုရားကျောင်းမှာ နေရတာ ပိုကောင်းပါတယ်။

သခင်နှင့် အစေခံ အတွဲသည် တာအိုသီလရှင်၏ ဦးတည်ချက်အတိုင်း လိုက်ပါလာခဲ့သည်။ ဘက်ခြမ်းတွင် ပိုနိမ့်သော အဆောက်အဦး အနည်းငယ်ရှိပြီး ညအိပ်လာကာ နံ့သာပေါင်းကို မီးရှို့ပူဇော်သော ဧည့်သည်များအတွက် တည်းခိုရန်ဖြစ်ရမည်။

လမ်းမှာ ရှောင်းယိုနဥ်က " တာအိုဘုန်းကြီးဝူယဲ့က ဘယ်တာအိုကျောင်းကလဲ။ အသက်ကယ်ပေးတဲ့ကျေးဇူးကို ပေးသနားတော်မူခဲ့တယ်။ နောင်အခါမှာ ကျေးဇူးပြန်ဆပ်ဖို့ သူ့ကို ရှာချင်တယ်။"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now