Ch-1.3

5.9K 550 2
                                    

အခန်း ၁.၃

ရှောင်းယိုနဥ်က အခန်းကန့်ထားသော တံခါးကို မီးထပ်ရှို့လိုက်သည်။ သူမက သူမ၏လက်ကို ထပ်ပြီး မြှောက်လိုက်ကာ အခြားအခန်းဆီသို့ လျှောက်သွားပြီး မီးရှို့လိုက်ပြန်သည်။ ထို့နောက်တွင် သူမက နောက်သို့ ပြန်လှည့်လိုက်ပြီး အခန်းအတွင်းဘက်သို့ ပြန်လှမ်းကြည့်ကာ အိမ်အပြင်ဘက်သို့ ဝရုန်းသုန်းကား ထွက်ပြေးနေသော လူအုပ်ကို ပြုံးကြည့်နေသည်။

ကြက်သွေးရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး မီးတောက်များကြားတွင် မတ်တပ်ရပ်နေသော သူမက အနှိုင်းမဲ့ လှပနေပေသည်။ သူမ၏ မျက်လုံးထောင့်အောက်တွင် တွဲလောင်းကျနေသော မျက်ရည်စက်ကဲ့သို့ ပုံသဏ္ဍာန်ရှိသော သစ်ကြံပိုးခေါက်မှဲ့လေးက ငိုရှိုက်နေသကဲ့သို့ ဝမ်းနည်းနေပုံရသည်။ သို့တိုင်၊ ထိုတောက်ပပြီး လှပသောအသွင်အပြင်နှင့် ဆန့်ကျင်ဘက်မှဲ့၏ ခြားနားမှုက သူမကို ပို၍ပင် လှပနေစေပြီး ဆွဲဆောင်မှုကို ပေးစွမ်းနေသည်။

လီချင်ကျစ်က အဝေးမှ သူမကို ငေးကြည့်ရင်း ရုတ်တရက် သူမကို ပထမဆုံးအကြိမ် တွေ့လိုက်ရသလိုပင် သူ့ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားသည်။ ရိုင်းစိုင်းသော်လည်း နူးညံ့ပြီး ချစ်စရာကောင်းသော မိန်းမပျိုလေးက သူမ၏ပတ်ဝန်းကျင်ကို လုံးဝ ဂရုမစိုက်ဘဲ သူ့ကို စိတ်မပျက်စေခဲ့ပေ။

"သူ(မ)က ရူးနေပြီ! သူ(မ) သေချင်နေတာ‌တောင် ငါတို့ကို သူ(မ)နဲ့အတူ ဆွဲခေါ်ချင်နေသေးတယ်၊ ဒီမိန်းမယုတ်လေးကတော့!" လီသခင်မက တလှုပ်လှုပ်ဖြင့် ထွက်ပြေးရန် ကြိုးပမ်းနေရင်း တစ်စုံတစ်ယောက်၏ ပံ့ပိုးကူညီမှုကို ခံယူနေရသည်။ သူမ လှည့်ကြည့်လိုက်ချိန်တွင် သူမ၏သားက ကြောင်တောင်တောင်ဖြင့် ထိုနေရာကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမက သူမသား၏လက်ကို လှမ်းဆွဲလိုက်ပြီး ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။

ဟိုးအရင်ကတည်းက သူမတို့မိသားစုနဲ့ လက်ထပ်ဖို့ စီစဥ်ထားခဲ့တဲ့ ရှောင်းမိသားစုရဲ့သမီးက လူဆိုးတစ်ယောက်လို့ သူမ ပြောခဲ့ဖူးတယ်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now