အခန်း ၁၆ အပိုင်း ၂
"သခင်ကြီး! ဒါက ဘေးဥပဒ်ပါပဲ။ သူ(မ)ကို အဝေးကို မြန်မြန်ပို့လိုက်တာက ပိုကောင်းလိမ့်မယ်။ သူ(မ)က ကျွန်မကို ဘယ်လို လှည့်ကြည့်လိုက်လဲဆိုတာ သခင်ကြီးမြင်လား။ ကျွန်မတို့ရဲ့ ဆံပင်တွေကို တစ်ယောက်ယောက်က နောက်ကနေဆွဲလိုက်သလို ခံစားရတယ်!"
မိုအမျိုးသမီးက ရှိုက်ကြီးတငင် ငိုနေရင်း သူမမျက်နှာတစ်ခုလုံးကို စားပွဲပေါ် မှောက်ချလိုက်သည်။ အခြေအနေကို ထိန်းညှိဖို့ နေရာရှိနိုင်သေးသလားလို့ သူမ တွေးနေမိသည်။
ယွမ်ကော်ထံမှ နှင်ထုတ်ခံရသော အစေခံကလေးမလေးက သူတို့ကို သတင်းပို့ရန် ပြန်လာခဲ့သည်။ သူမကြားလိုက်ရတဲ့ စကားလုံးတွေကို ထပ်ခါထပ်ခါပြောပြီး အရမ်းထိတ်လန့်နေတာကြောင့် ချက်ခြင်း မူးလဲလုနီးဖြစ်သွားသည်။
ရှောင်းဒုတိယသခင်ကြီးမှာလဲ သူ့လူများက ရှောင်းယိုနဥ်၏လက်ထဲသို့ ရောက်ရှိသွားကြောင်းနှင့် ချန်လီနောက်ကို လိုက်သော်လည်း မည်သူကိုမျှ ပြန်မတွေ့တော့ကြောင်း သူကြားလိုက်ရသည်။ သူ့မျက်နှာက ဖြူဖျော့သွားပြီး ကုလားထိုင်ပေါ်ကို လဲကျသွားသည်။
သူက သတိလက်လွတ်ထပ်ဖြစ်ခဲ့ပြန်ပြီး ကလေးမလေးတစ်ယောက်က သူမအင်္ကျီလက်ဝမှာ နောက်ထပ်ကတ်တစ်ခုရှိမယ်လို့ သူ မမျှော်လင့်ထားပါဘူး။
သူမမှာ အားကိုးစရာလူမရှိဘူး၊ ဒါကြောင့် ဒီကတ်က သူမကို ဒီကိစ္စကို ကူညီဖြေရှင်းပေးမယ့်သူ၊ ဒါမှမဟုတ် သူမအတွက် အပြီးသတ်လပ်ပေးမယ့်သူလားဆိုတာ ဘယ်သူသိနိုင်မလဲ။
အစောင့်ရှဲ့ နှင့် သူ့လူများကို သူမ၏အစေခံမှ လက်ကောက်ဝတ်တွေကို ဓားနဲ့ ထိုးခဲ့သည်မှာ သိသာထင်ရှားပြီး သူတို့မှာလည်း အာဃာတရှိကြသည်။ သူ့ကို ဘယ်လို မြန်မြန် တုံ့ပြန်နိုင်မလဲ။ ရှောင်းယိုနဥ်ရဲ့ သီးသန့်ပြစ်ဒဏ်ကြောင့်သာ မဟုတ်ရင် သူ့လူတွေကို သေဒဏ်ပေးဖို့အတွက် အပြင်ကို လွှတ်လိုက်မှာမဟုတ်ဘူး။
ရှောင်းယိုနဥ်ရဲ့ စွမ်းဆောင်မှုက သူ့ကိုယ်ရံတော်များကို အဆင့်လျော့ကျသွားစေခဲ့သည်။

ESTÁS LEYENDO
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Ficción históricaMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...