အခန်း ၃၂ အပိုင်း ၁
"အစ်ကိုတော်ဧကရာဇ်?" အကြီးဆုံးမင်းသမီး၏ လက်ထပ်ခွင့်အမိန့်ကို ဧကရာဇ်ဘုရင်က ငြင်းပယ်ခဲ့သည်။ သူမက တုန်လှုပ်ချောက်ချားစွာ မေးလိုက်သည်။ "အရှင်မင်းမြတ်က အဲ့ဒါကို သဘောတူရမှာ မဟုတ်ဘူးလား"
ဧကရာဇ်မင်းကြီးက မှင်နီရောင်စာရေးစုတ်တံကို ကိုင်ထားပြီး မကျေမနပ်ဖြစ်နေကာ သူ့၏မျက်ခုံးမွှေးများက တစစထက်တစ မြင့်တက်သွားသည်။ သူက ယဥ်ကျေးမနေတော့ဘဲ "ကျန်းလဲ သဘောတူမယ်လို့ တွေးခဲ့တာပဲ။ ဒါပေမယ့် မင်း လီမိသားစုကို တကယ်သဘောကျနေတာကို ကျန်း မသိဘူး။ မင်းက နာမည်ဂုဏ်သတင်းကို ဂရုမစိုက်ပေမယ့် ကျန်းကတော့ ဂရုစိုက်နေတုန်းပဲ!"
အကြီးဆုံးမင်းသမီးက ဧကရာဇ်မင်း၏ဒေါသကြောင့် ထိတ်လန့်သွားပြီး ဧကရာဇ်က လီမိသားစုကို ရွံရှာနေကြောင်း နားလည်ခဲ့သည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမသမီးက သူမရဲ့ နှလုံးသားနဲ့ ဝိညာဉ်ဖြစ်ပြီး သူမရဲ့ တစ်ဦးတည်းသောရင်သွေးဖြစ်နေတုန်းပဲ။ ထို့အပြင် သူမက စတုတ္ထအဆင့်မင်းသမီးအဖြစ် လေးစားမှုကို ခံရသည်။ အကယ်၍ ခြေလှမ်းတစ်သောင်းကို နောက်ပြန်ဆုတ်ရမည်ဆိုလျှင် လီမိသားစုသည် ယခုမှစ၍ အသုံးမဝင်နိုင်တော့ပေ။ သို့သော် သူမက အမေဖြစ်ပြီး တာဝန်ခံရမှာ မဟုတ်ဘူလား?
တော်ဝင်မိသားစုရဲ့ ကြီးကျယ်ခမ်းနားတဲ့ နောက်ခံနဲ့ သူမတို့ကို ဘယ်သူက စော်ကားဝံ့မလဲ။
ထိုအကြောင်းကြောင့် အစ်ကိုတော်ဧကရာဇ်ထံတွင် လက်ထပ်ထိမ်းမြားရန် အမိန့်တော် ချမှတ်ပေးဖို့ တောင်ဆိုနေခြင်းဖြစ်သည်။ တော်ဝင်မိသားစု၏ ဂုဏ်သတင်းအတွက်ပဲ မဟုတ်ဘူးလား။
သူမရဲ့အစ်ကိုတော်ဧကရာဇ်က ဘာကြောင့် မလိုလားတာလဲ။
"အစ်ကိုတော်ဧကရာဇ်၊ ဒီညီမတော်က လီမိသားစုကို တစ်စိတ်တစ်ပိုင်း မျက်နှာသာပေးခဲ့တာ မဟုတ်ပါဘူး။ ရှောင်းမိသားစုက ကြီးမားတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့ပြီး လီမိသားစုရဲ့ရွေးချယ်မှုကလဲ ပုံမှန်ပါပဲ။ အဲ့လိုမှ မလုပ်ရင် သူတို့လဲ ရာဇ၀တ်မှုကြီးတစ်ခုနဲ့ ဆက်နွှယ်နေရလိမ့်မယ်"

ESTÁS LEYENDO
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Ficción históricaMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...