Ch-5.2

3.2K 304 1
                                    

အခန်း ၅ အပိုင်း ၂

သူမတို့ ရထားလုံးဖြင့် ရွာထဲကို ဝင်လိုက်သည်နှင့်တပြိုင်နက် လူလတ်ပိုင်းအရွယ် အမျိုးသားက စျေးဆိုင်၏နံဘေးတွင် ကပ်နေသော အိမ်တစ်အိမ်သို့ ခေါ်သွားပြီး အထဲသို့ လှမ်းခေါ်လိုက်သည်။ "လျှိုအာ"

လူငယ်တစ်ဦးက အိမ်ထဲမှ ချက်ချင်း ပြေးထွက်လာသည်။ ထိုအချိန်တွင် ရှောင်းယိုနဥ်က ရထားလုံးပေါ်မှ ဆင်းလာပြီး သူမတို့ ဘေးနားရှိ လူလတ်ပိုင်းအရွယ် အမျိုးသားက လျှိုမိသားစု၏အိမ်တွင် တစ်ညတာ အိပ်နိုင်သည်ဟု သက်တော်စောင့်အား ပြောပြနေသည်ကို ကြားလိုက်ရသည်။ "သူ့ယောက္ခမရဲ့မိသားစုအားလုံးက ခရိုင်မြို့ကို ပြောင်းသွားပြီး ခြံကို ချန်ထားခဲ့တယ်။ ဒီနေ့ညဘက်မှာ တခြားလူလည်း ရှိနေပေမယ့် လူနေဖို့ အခန်းလွတ်တွေတော့ အများကြီးရှိသေးတယ်"

လျှိုအာကျ အသားညိုပြီး အရပ်မရှည်သော်လည်း တစ်ချက်ကြည့်ရုံဖြင့် သန်မာမှန်းသိသာသည်။ သူ့ပါးစပ်ထောင့်များက အပြုံးတစ်ခုကို ဖော်ဆောင်ထားပြီး ရှောင်းယိုနဥ်ကို တွေ့လိုက်ရချိန်တွင် သူ့၏အကြည့်များက အချိန်အတော်ကြာအောင် ရွေ့မသွားခဲ့ပေ။

ရှောင်းယိုနဥ်က ယွမ်ကော်၏နောက်တွင် ရပ်လိုက်သည်။ ထိုကဲ့သို့ ပြောင်ပြောင်တင်းတင်း စူးစမ်းသော အကြည့်မျိုးကြောင့် သူမ စိတ်မသက်မသာ ခံစားလိုက်ရသည်။

သူမတို့ ရွာထဲရောက်ကတည်းက တွေ့လိုက်ရတဲ့ ယောက်ျားတိုင်းက ဒီရွာသားနှစ်ယောက်နဲ့ အသက်ရွယ်တူနီးပါး ဖြစ်နေပြီး အားလုံးက ငယ်ငယ်ရွယ်ရွယ်တွေဆိုတာ သူမ သိလိုက်ရတယ်။ အခြားလူတွေအတွက်ကတော့...

ရှောင်းယိုနဥ်က သူမ၏ မျက်လုံးထောင့်ကို အသုံးပြု၍ ပတ်ပတ်လည်ကို စူးစူးစိုက်စိုက် ဝေ့ကြည့်လိုက်ရာ အခြားလူများကို မမြင်ရကြောင်း တွေ့ရှိလိုက်ရသည်။

အပြင်က လှုပ်ရှားမှုသံ ကြားလိုက်ရလို့ စူးစမ်းကြည့်ဖို့ ထွက်လာတဲ့ သူတွေအားလုံးတောင် အမျိုးသားတွေပါပဲ။ ကလေးငိုသံတွေနဲ့ ကလေးချော့နေတဲ့ အမျိုးသမီးအသံတွေကိုတော့ ယောင်ဝါးဝါး ကြားနေရပြီး အိမ်ထောင်ရှင်အမျိုးသမီးတွေအားလုံး အိမ်ထဲမှာ ရှိနိုင်မလားလို့တောင် သူမ တွေးနေမိတယ်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now