အခန်း ၄၉ အပိုင်း ၁
ညလေနုအေးက တောင်ပေါ်ကို ဖြတ်တိုက်နေတာကြောင့် ရှောင်းယိုနဥ်က သူမ၏လက်များကို ဆုပ်ကိုင်ထားမိသည်။ နွေရာသီအလယ်လောက် ရောက်နေတာတောင် အအေးဓာတ်ကို ခံစားနေရသည်။
ယွမ်ကော်က သူမတို့နှင့် ခပ်လှမ်းလှမ်းရှိ စစ်တန်းလျားတွင် စုဝေးနေသော စစ်သားများကို လှမ်းကြည့်လိုက်သည်။ သူမ အလွန်တုန်လှုပ်သွားပြီး အိပ်ချင်ပြေ သွားသည်။
"သခင်မလေး၊ ဒါက ဘာလဲ"
ရှောင်းယိုနဥ် မျက်လုံးများကို မှိတ်ချလိုက်သည်။ သူမ၏နှလုံးက ပြင်းထန်စွာ ခုန်နေပြီး ဘာတွေဖြစ်နေလဲ သူမလဲ နားမလည်ပေ။
"ပဉ္စမသခင်လေးနဲ့ အဖေက စစ်ဖြစ်တော့မှာမို့ ဒီနေ့ ထွက်သွားဖို့ အခိုင်အမာ စီစဥ်ခဲ့ကြတာ" သူမ၏ အသံက အလွန်အားနည်းနေသည်။
သူမ၏အနီးစပ်ဆုံးလူများက နယ်စပ်တွင်ရှိနေပြီး ယခုအချိန်တွင် အရေးကြီးနေကြောင်း သူတို့ သိနေခဲ့သည်။ ဒါပေမယ့် သူတို့အားလုံးက သူမကို လျှို့ဝှက်ထားခဲ့ပြီး ရှေ့တန်းကို မသွားခင် သူမအဆင်ပြေအောင် စီစဉ်ပေးခဲ့သည်။
သူမတို့ အခန်းထဲက ထွက်လာတော့ ဒီမှာ တပ်စွဲထားတဲ့ စစ်သည်တွေရဲ့ အာရုံစိုက်မှုကို ခံရသည်။ သူတို့ထဲက တစ်ဖွဲ့တစ်စုက မီးတိုင်တွေနဲ့ ရောက်လာသည်။ ခေါင်းဆောင်က ဖုံးကွယ်ထားလို့ မရတော့ဘူးဆိုတာ သိနေပြီး သူမ တောင်ပေါ်ကနေ စိတ်မြန်လက်မြန် ဆင်းသွားမှာကို စိုးရိမ်နေသည်။ "သခင်မလေး၊ ဗိုလ်ချုပ်က သခင်မလေးလုံခြုံနေမှ သူတို့ ဘေးကင်းနိုင်မယ်လို့ ပြောခဲ့တယ်"
"ဒီစကားတွေက အဓိပ္ပါယ်မဲ့လွန်းတယ်" ရှောင်းယိုနဥ်က သူမမျက်လုံးကို ဖွင့်လိုက်တာနဲ့ မျက်လုံးထဲသို့ အလင်းရောင်တစ်ခုက အရင်ရောက်ရှိလာသည်။ "အခု တထုံမှာ ဘာတွေဖြစ်နေလဲ ငါ့ကို ပြောပါ"
စစ်သည်ခေါင်းဆောင်က တခဏမျှ တုံ့ဆိုင်းနေပီုး သူမက ၊ "ရှင် ကျွန်မကို မပြောရင် ကျွန်မပိုပြီး စိတ်မသက်မသာ ဖြစ်ရလိမ့်မယ်။ အဖေနဲ့အစ်ကိုက ရှင့်ကို ကျွန်မဆီမှာ ထားခဲ့ပြီးဆိုကတည်းက ရှင့်ကို ယုံလို့ရတယ်ဆိုတာနဲ့ ဘာတွေဖြစ်နေလဲဆိုတာကို ရှင် သိမယ်လို့ ကျွန်မ ယုံတယ်၊ တစ်ခုခုဖြစ်ရင် ရှင်က ကျွန်မကို ခေါ်သွားရမယ်။ ရှင် ဘာမှ မပြောရင် ကျွန်မ ရှင်နဲ့အတူ ထွက်သွားမှာ မဟုတ်ဘူး အဲ့တာဆို ရှင့်တာဝန်ကို ကျေပွန်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"

VOCÊ ESTÁ LENDO
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Ficção HistóricaMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...