Ch-20.2

1.9K 200 4
                                    

အခန်း ၂၀ အပိုင်း ၂

မိုအမျိုးသမီးက "သူ(မ)ရဲ့ ခန်းဝင်ပစ္စည်းလေးတွေအတွက်လောက်နဲ့ ဘယ်သူက လောဘကြီးနေမှာတုန်း" ဟူသော စကားကို ကြားလိုက်ရချိန်မှာ သူမရဲ့ လက်တွေက တုန်လာသည်။ အစောင့်အကြပ်တွေ အဖမ်းခံလိုက်ရတာ ရှက်စရာပါပဲ။ သူမ ရှင်းရှင်းလင်းလင်း မပြောနိုင်သောကြောင့် ပြစ်တင်ရှုတ်ချခံခဲ့ရသည်။ "မင်း ဘာလို မိုက်မဲတဲ့စကားတွေပြောနေတာလဲ!"

‌ရှောင်းအန်းနဥ်က မနေ့ညက ရှောင်းယိုနဥ်ရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးနောက် သူမ ဒေါသထွက်နေခဲ့ပြီး အခု ဆူညံနေသည်။ သူမ လုံးဝ မထိန်းထားနိုင်တော့ဘဲ ဟစ်အော်လိုက်ပြီး ဆက်ပြေနေသည်။ "ကျွန်မ ပြောတာ မှားနေလို့လား။ ကံကောင်းထောက်မစွာနဲ့၊ အစ်မအကြီးဆုံးက အိမ်ထောင်ကျပြီးပေမယ့် စတုတ္ထညီမက စေ့စပ်ဖို့ မျှော်လင့်နေရတုန်းပါပဲ။ ခု သူ(မ)မှာ နာမည်ဆိုးရှိနေတယ်၊ အိမ်ထောင်ရေးအကြောင်းပြောဖို့ ဘယ်သူက ကျွန်မတို့မိသားစုဆီ လာမှာလဲ"

သူမပြောတဲ့ အစ်မအကြီးဆုံးက ‌ရှောင်းလဲ့နဥ်ဖြစ်တယ်။ သူမက လွန်ခဲ့တဲ့ တစ်နှစ်က စေ့စပ်ခဲ့ပြီး ယခုနှစ် ရှစ်လပိုင်းတွင် လက်ထပ်ခဲ့သည်။

‌ရှောင်းလဲ့နဥ်က သူမညီမဖြစ်သူ၏ နှိမ့်ချခြင်းကိုခံခဲ့ရသည်။ သူမမျက်နှာ အနည်းငယ်ပူနေပြီး ဘယ်လိုဖြေရမှန်းမသိပေ။

"မင်းမှာ ရိုးရိုးရှင်းရှင်း ရှက်စရာ မရှိပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့ မိသားစုကပဲ စေ့စပ်ဆွေးနွေးတဲ့သူတစ်ယောက်ဖြစ်သင့်တယ်!" မိုအမျိုးသမီးက ဦးစွာ ကြိမ်းမောင်းပြီး သမီးအကြီးဆုံး၏ အရှက်ကို ဖုံးကွယ်ရန် ကြိုးစားနေသည်။

‌ရှောင်းအန်းနဥ်သည် သူမ၏ မျက်လုံးများ နီရဲလာသည်အထိ ဆူပူကြိမ်းမောင်းပြီးတာတောင် သူမသည် အေးစက်စက်ဖြင့် လှောင်ပြောင်နေသေးသည်။ "အစ်မအကြီးဆုံးရဲ့ ခန်းဝင်ပစ္စည်းကလဲ အများကြီးပဲ၊ ဒါပေမယ့် သူ(မ)လောက်တော့ လူသိမခံခဲ့ဘူး!"

သူမက ရှောင်းမိသားစု၏ဒုတိယအိမ်တော်ခွဲမှ သမီးတစ်ယောက်ဖြစ်သောကြောင့် သူမတိ့အိမ်တွင် ငွေကြေးမည်မျှရှိသည်ကို သူမ သိနိုင်သည်။ ဆန့်ကျင်ဘက်အနေနဲ့ကတော့ ပင်မအိမ်တော်က သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ဖို့အတွက် ကိုယ်ပိုင်ငွေတွေတောင် ထုတ်သုံးခဲ့တယ်လို့ လူတော်တော်များများပြောဖူးကြတယ်။ ထို့ကြောင့်၊ အများအားဖြင့် ပင်မအိမ်တော်သည် ဗလာသာ ဖြစ်နေမည်ဟု သူမစိတ်ထဲတွင် ထင်နေသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now