အခန်း ၁၅ အပိုင်း ၁
ရှောင်းယိုနဥ်က မိုအမျိုးသမီးမှာ အပြစ်ရှိ မရှိ သေချာမသိသော်လည်း နောက်ပိုင်းတွင် သူမ သေချာ သိနိုင်သောအခါလည်း သူမ ယခုကဲ့သို့ အတိအကျပြုလုပ်မည်ဖြစ်သည်။
သူမက လက်တုန့်ပြန်ရုံလောက်အတွက်ပဲ ရှောင်းဒုတိယအိမ်တော်ခွဲသို့ ရောက်လာခဲ့ခြင်းမဟုတ်ပါ။
ဇနီးမောင်နှံ၏ တိတ်ဆိတ်မှုအောက်တွင် မိန်းကလေးက ညင်သာစွာ ပြုံးပြနေသည်။ သူမ၏ မျက်လုံးများတွင် ကြည်လင်ပြီး ဖြူစင်သော ကြင်နာမှုများရှိနေသည်။ "ဒေါ်လေးက ကြင်နာတက်ပြီး ကျွန်တွေကို အပြစ်တင်တဲ့ စကားကို မပြောပဲ သည်းခံနိုင်တယ်။ ဒုတိယ ဦးလေးကလည်း ခက်ထန်တယ်ဆိုတဲ့ နာမည်ဆိုးကို မရသင့်ပါဘူး။ ဒါပေမယ့် ယိုနဥ်က အဲ့လိုကိစ္စရပ်တွေမှာ အတွေ့အကြုံရှိပါတယ်။ ကျွန်မရဲ့ဂုဏ်သတင်းက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကလက်ခံနိုင်ပါတယ်။ အခုချိန်မှာ ကျွန်မက အားလုံးကို အဆင်ပြေပြီး ပျော်ရွှင်စေချင်တယ်။ ကျွန်မက ဒီအစေခံဆိုးတွေကို ဂရုစိုက်ပေးပြီး ကျွန်မအပေါ်ထားတဲ့ ဒုတိယဦးလေးရဲ့ ဂရုစိုက်မှုနဲ့ ကြင်နာမှုတွေအတွက် ပြန်ပေးဆပ်မယ်"
သူမရဲ့အသံက အလွန်တရာပျော့ပျောင်းနေပေမယ့် သူမ ပြောသမျှ စကားလုံးတိုင်းဟာ အေးစက်နေတဲ့ သံမဏိဓားသွားတွေလို တဖျပ်ဖျပ် တောက်ပနေသည်။ ဒုတိယသခင်ရှောင်းက သူမ၏ "ဂရုစိုက်" ဟူသော စကားလုံးကြောင့် ဓားဖြင့် အထိုးခံရသလို ဖြစ်နေပြီး မျက်လုံးများ ပို၍ပင်ကျယ်လာသည်။
မိုအမျိုးသမီး၏ မျက်နှာသည်လည်း ပို၍ရုပ်ဆိုးလာသည်။ ဒါက တရားခံတွေကို လွှဲပြောင်းပေးဖို့ တွန်းအားပေးနေခြင်းပင်။
မိုအမျိုးသမီးက သူမလုပ်ခဲ့တာတွေကို သူမ ကောင်းကောင်းသိပြီး အရာအားလုံးကို စီစဉ်ခဲ့တယ်ဆိုရင်တောင် မျက်နှာကို ပုတ်ခတ်သလိုခံစားရတဲ့ အဲဒီလို သဘောထားမျိုးကို သူမ မခံနိုင်ပါဘူး။
မိုအမျိုးသမီးက ဒေါသအရမ်းနေထွက်ကာ နူးညံ့သော ပိုးသားလက်ကိုင်ပုဝါကို လက်ထဲတွင် ဆုတ်ဖြဲနေသည်။ ရှောင်းယိုနဥ်က ဤနေရာတွင် နေထိုင်မည်ဟူသော အတွေးကို တွေးမိရုံဖြင့် သူမသည် ရွံရှာမှုဖြင့် ပြည့်နှက်နေခဲ့သည်။ သူမက အလွန်မာနကြီး မောက်မာနေပြီး တံခါးပိတ်ခံထားရမှာကို မကြောက်ဘူးလား။

أنت تقرأ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
أدب تاريخيMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...