Ch -61.3

1.8K 187 1
                                    

အခန်း ၆၁ အပိုင်း ၃

နဥ်ယွမ်မှူးမတ်က နောက်ဆုံးအကြိမ်သူတို့တွေ့ဆုံခဲ့စဥ် ယဲ့သခင်မကြီးက ယဲ့ရှန်း၏ဖခင်အရင်း အကြောင်းကို သူကိုပြောပြခဲ့သော်လည်း အိမ်ရှေ့မင်းသားတက်ရောက်လာသည်ကို မြင်ပြီးနောက် ဧကရာဇ်မင်း၏ နှလုံးသားထဲမှ ယဲ့ရှန်း၏အနေအထားကို ပြန်လည် အကဲဖြတ်နိုင်ခဲ့သည်။

ထို့ကြောင့် ယဲ့ရှန်းက သတို့သမီးကို မခေါ်သွားနိုင်မီ သူ့ယောက္ခမအတွက် ဝိုင်သုံးခွက်သာ ငှဲ့ပေးရလေသည်။

ရှောင်းချီယဲ့က သူ့ညီမလေးကို လိုက်ပို့ပေးသည်။ သူက သူမကို ဝေါယာဥ်ပေါ်တင်ပေးလိုက်ပြီး ပြုံးနေရင်း ယဲ့ရှန်းကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေချိန်၌လည်း သူက ဒီယောက်ဖကို ရောက်မလာစေရန် ပြင်ဆင်ခဲ့သေးသည်။

မင်္ဂလာလှည့်လည်ပွဲလူတန်းရှည်ကြီးက အပြန်လမ်းတစ်လျှောက်လုံး လှိုက်လှိုက်လှဲလှဲ ချီတက်နေကြသည်။ ရှောင်းယိုနဥ်က သူမ၏နေရာတွင် ငြိမ်သက်နေပုံရသော်လည်း ဝေါယဥ်တံခါးကို ခေါက်ရန် လက်လှမ်းနေသေးသည်။

ယဲ့ရှန်းက ထိုခေါက်သံကိုကြားသောအခါ သူ့နှုတ်ခမ်းထောင့်များ မြင့်တက်လာသည်။ သူမ အထဲမှာ ထိုင်ရတာ ငြီးငွေ့နေမှန်း သူသိတဲ့အတွက် မြင်းကို မြန်မြန်သွားဖို့ ကြိုးစားလိုက်သည်။

အိမ်ရှေ့မင်းသားက လုံးဝ အံ့အားသင့်သွားသည်။ သူတို့ နည်းနည်း နှေးနှေး လမ်းလျှောက်သင့်တာ မဟုတ်ဘူးလား? ဝေါယာဥ်ကို ထမ်းရသူတဲ့တွေက ပင်ပန်းပြီး သေလုမြောပါး ဖြစ်တော့မယ်...

မင်္ဂလာဆောင်ကျင်းပသည့် နေအိမ်သို့ ရောက်ရှိလာသောအခါ ဝေါယာဥ်တံခါးကို သုံးကြိမ်တိုင်တိုင် ခေါက်ခဲ့သည်။ နောက်ဆုံးတွင်၊ ယဲ့ရှန်းက သတို့သမီး၏လက်ကိုကိုင်ကာ မီးပုံးနီနီများကို ဖြတ်ကျော်ကာ၊ တံခါးခုံကို ဖြတ်ရင်း အခမ်းအနားခန်းမထဲသို့ သူမကို မှန်မှန်ပို့ဆောင်ခဲ့သည်။

အခမ်းအနားသို့ ဖိတ်ကြားထားသူများအားလုံး ရောက်ရှိလာကြသည်။ သူတို့သည် အခြေခံအားဖြင့် ဧကရာဇ်နန်းတွင်းရှိ ဂုဏ်သိက္ခာရှိသော ဝန်ကြီးများဖြစ်သော်လည်း စတုတ္ထအဆင့်အောက်တွင် မည်သူမျှ မရှိပေ။ ရက်အနည်းငယ်အတွင်း အပြင်ထွက်နေသော ဝေလမင်းသားနှစ်ပါးသည် ယဲ့ရှန်း၏ လွန်ကဲသောအရေးပါမှုကြောင့် တစ်ဖန် တုန်လှုပ်သွားခဲ့ရပြန်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now