Ch- 42.2

1.8K 187 1
                                    

အခန်း ၄၂ အပိုင်း ၂

ယွမ်ကော်နှင့် ကျန့်ယင်တို့က ကြက်နှစ်ကောင်ရန်စောင်နေသလို တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုးကာ အပြင်တွင် ရပ်နေကြသည်။

သူက ယွမ်ကော်ကိုကြည့်ပြီး သူမ ဘာတွေတွေးနေလဲဆိုတာ သိနိုင်သည်။ ယဲ့ရှန်းက သူ့အမူအရာကို ထိန်းပြီး ကျန့်ယင်ကို " အဝါရောင် နှင်းဆီသား ညောင်စောင်းကို ပြတင်းပေါက်နားက စာအုပ်စင်ဘေးကို သွားရွှေ့လိုက်"

ကျန့်ယင်သည် ချက်ချင်းပင် စိုးရိမ်လာသည်။ "ပဉ္စမသခင်လေး၊ သခင်လေးက ညောင်စောင်းပေါ်မှာ အိပ်မှာလား။ အဲ့တာက အရမ်းတိုတယ်၊ သခင်လေးခြေထောက်ကို ကြမ်းပြင်ပေါ်မှာ ချထားလို့မဖြစ်ဘူး!"

ယဲ့ရှန်းက သူ့ကို အေးစက်စွာ ကြည့်လိုက်တော့ သူ ပါးစပ်ပိတ်သွားသည်။ ယွမ်ကော်က သူမ မြင်လိုက်ရတာကို ကျေနပ်နေပုံရပြီး ကျန့်ယင်ကို မလိုလားသလို နှာမှုတ်ပြလိုက်သည်။ သူမက အိပ်ခန်းထဲသို့ ပြေးဝင်ကာ တံခါးကို ခေါက်လိုက်သည်။

"မင်းက အကျင့်မကောင်းတဲ့ ကောင်မလေးပဲ!" ကျန့်ယင်က ဒေါသအရမ်းထွက်နေပြီး တံခါးကို ကန်ချင်နေသည်။

ခရီးစဉ်ပထမနေ့မှာ တစ်ယောက်က ကုတင်ပေါ်မှာ အိပ်ပြီး နောက်တစ်ယောက်က ညောစ်စောင်းပေါ်မှာ အိပ်သည်။ အတွင်းနှင့် အပြင်ကို ခွဲခြားထားသည်။

ရှောင်းယိုနဥ် နောက်တစ်နေ့ အိပ်ရာမှထချိန် ယဲ့ရှန်းကို တွေ့လိုက်သောအခါ သူမ မရပ်မနား ရယ်မောနေသည်။

ပဉ္စမသခင်လေးယဲ့၏ မျက်နှာတွင် ပန်းပွင့်အသွင်အပြင်နှင့် လပုံများ ပေါ်အောင် ခြင်ကိုက်ခံထားရသည်။ အကိုက်ခံရသည့်နေရာများအနက်မှ တစ်ချက်က သူ၏နှာခေါင်းအပေါ်ဘက်တွင် ရှိနေပြီး အရမ်းတော့ ပေါ်လွင်နေသည် မဟုတ်ပေ။

ကျန့်ယင်လည်း မထူးပါဘူး။

သူတို့က မြစ်ကမ်းမှာ နေခဲ့ကြပြီး ခြင်တွေက အဆိပ်ပြင်းတဲ့အတွက် အမွှေးတိုင်တွေကိုတောင် မကြောက်ကြဘူး။ မသေခင်အထိ အစာစားတဲ့ခြင်တွေပဲ ဖြစ်ရမယ်။

သူမက ယဲ့ရှန်း၏မျက်နှာကိုကြည့်ပြီး အသက်ရှူမဝသည်အထိ ရယ်မောခဲ့သည်။ ထိုနေ့တွင် သူက စာအုပ်တစ်အုပ် သို့မဟုတ် စာတစ်စောင်ကို ဖတ်ရန် သူ့စားပွဲတွင်ထိုင်ကာ စကားများများပင် မပြောတော့ပေ။ ဘာကြောင့်လဲဆိုတော့ သူ့မျက်နှာက သူ့ကို ရှက်ရွံ့စေသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now