အခန်း ၈ အပိုင်း ၁
ရှောင်းယိုနဥ်၏ဖျားနာမှုက ပိုပြင်းထန်လာပြီး ဆေးဆရာက သူမကို အပ်စိုက်ကုသပေးပြီးနောက်တွင် သူမက ဖျက်ခနဲ နိုးလာခဲ့သော်လည်း အလွန်အမင်း ဖျားနာမှုကြောင့် သူမ မူးဝေနေပုံရပြီး သူမ၏မျက်လုံးထောင့်များပင် နီရဲနေသည်။
ဆေးဆရာ ညွှန်ကြားထားသည့်ဆေးကို ကောင်းစွာကျိုချက်ထားပြီးဖြစ်သောကြောင့် ယွမ်ကော်က ရှောင်းယိုနဥ် ထိုင်နိုင်ရန် ကူညီပေးရင်း ဆေးကို သေချာဝင်အောင် တိုက်ကျွေးနေခဲ့သည်။
"သခင်မလေး၊ သခင်မလေး မြန်မြန်ပြန်ကောင်းလာရမယ်နော်၊ သခင်ကြီးနဲ့ အမွေဆက်ခံသူအကြောင်း သတင်းတွေ စုံစမ်းဖို့ လိုနေသေးတယ်လေ"
ပုံမှန်အားဖြင့် ခက်ထန်ကြမ်းတမ်းသော အစေခံလေးက သူမ စကားပြောတိုင်း ငိုနေကာ သူမ၏ပါးပေါ်တွင် မျက်ရည်များ စီးကျနေသည်။
ရှောင်းယိုနဥ်က သူမ ကြောက်နေသည်ကို နားလည်ပေးနိုင်သည်။
သူမတို့မိသားစု ဒုက္ခကြုံတွေ့ရတဲ့နေ့ကနေ ရက်အတော်ကြာတဲ့အထိ သူမ ခရီးတွေ တစ်လျှောက်လုံး အဆက်မပြတ် ထွက်နေခဲ့ပေမယ့် သူမရဲ့ခံနိုင်ရည်ကို သူမကိုယ်တိုင် သိပါတယ်။ အရင်တုန်းက သူမလုပ်ခဲ့တဲ့ အခက်ခဲဆုံးအရာက မြင်းစီးတာဖြစ်ပေမယ့် အခုအချိန်မှာတော့ သူမလည်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေပြီး အသက်ရှူတိုင်း နာကျင်နေခဲ့တယ်။
မနေ့က ဒုတိယအိမ်တော်ခွဲမှ သက်တော်စောင့်များက သူမကို အပြင်းထန်ဆုံး ထိုးနှက်ခဲ့ပြီး သူမ၏ အတင်းကြိုးစား မာန်တင်းထားရသော သူမ၏စိတ်အခြေအနေက ပြိုပျက်သွားကာ သဘာဝကျကျပင် သူမ ဖျားသွားတော့သည်။
"မကြာခင် ငါ နေကောင်းလာမှာပါ" သူမက ပျော့ညံ့စွာ ပြုံးနေသော်လည်း သူမ၏ မျက်လုံးများက ရှုံးနိမ့်မှုကို လုံးဝ ဝန်မခံချင်ပေ။
ဒါက မကြာမီ ပြန်ကောင်းနိုင်တဲ့ ရောဂါသေးသေးလေးတစ်ခုမျှသာလို့ပဲ သူမ ထင်ထားခဲ့တာပါ။
သို့သော် ရှောင်းယိုနဥ်က သူမ၏ ခေါင်းမာမှုကြောင့် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို မသိခဲ့ဘဲ သူမက ဆေးသောက်ပြီးနောက် သူမ၏နာမကျန်းမူက ယခင်ကထက် ပိုမို ပြင်းထန်လာပြီး သူမ အိပ်ပျော်သွားပြန်သည်။
![](https://img.wattpad.com/cover/335711189-288-k567284.jpg)
YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...