အခန်း ၄၁ အပိုင်း ၂
သူမက စားပွဲငယ်လေးပေါ်သို့ ဆောင့်မိသွားပြီး သူမ၏နောက်ရှိ ကြွေထည်များသည် အပိုင်းပိုင်း ကျကွဲသွားခဲ့သည်။ ရုတ်တရက် အသံများကြောင့် သူမ နှလုံးခုန်သံများ တဟုန်ထိုး မြန်လာည်။
"ရှောင်းယိုနဥ်၊ မင်း အားလုံး ခန့်မှန်းပြီးပြီပဲ၊ ဘာလို့ ရှောင်ပုန်းနေသေးတာလဲ" သူက သူမ၏ ပျာယာခတ်နေသော မျက်နှာအားပင့်မကာ သူမကို ခြေဖျားများ ထောက်ထားစေခဲ့သည်။
သူမနှာခေါင်းဖျားမှ ချွေးထွက်နေတာကို သူ မြင်လိုက်ရပြီး သူမ ကြောက်ရွံ့နေသည်လား စိတ်ပူနေသည်လား သူ မသိပေ။ ထို့ကြောင့် သူမကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ စားပွဲသေးသေးလေးပေါ်တွင် ထိုင်နိုင်ရန် ကူညီပေးခဲ့သည်။ ထိုနောက် သူက စားပွဲအစွန်းကို လက်နှစ်ဖက်ဖြင့် ထောက်ကာ သူမကို စိုက်ကြည့်နေသည်။
နှစ်ယောက်သား အလွန်နီးကပ်နေသောကြောင့် သူက သူမ၏ မျက်တောင်လေးများကို ရေတွက်နိုင်နေပြီး သူမ၏ မျက်လုံးများတွင် ထင်ဟပ်နေသည့် ခံစားချက်များကို မြင်နိုင်သည်။
သူမရဲ့ မျက်နှာကို မြင်ဖူးနေကြဖြစ်ပေမယ့် ခုလိုပုံလေးက သူနဲ့သိပ်မရင်းနှီးဘူး။ မျက်လုံးထောင့်ကနေ မျက်ခုံးဖျားအထိ သူမ ဒီလို နူးညံ့သိမ်မွေ့နေတာကို သူ တစ်ခါမှ မမြင်ဖူးဘူး။
"မင်း သိပေမယ့်၊ မင်းကြောက်လို့ ရှောင်ပုန်းနေတာလား" အဲ့လို တိုက်ရိုက်မေးလိုက်ရင် အဆင်မပြေဘူးလို့ သူက တွေးမနေပါဘူး။
"ပဉ္စမသခင်လေး ရှင် ဘာပြောနေတာလဲ" ရှောင်းယိုနဥ်က အလွန်အမင်း ရှက်ရွံနေကာ မျက်လုံးများကို တင်းတင်းကျပ်ကျပ် မှိတ်ထားလိုက်သည်။ သူမ၏ နှုတ်ခမ်းများ တုန်ခါသွားကာ မျက်လုံးအောက်ရှိ မှဲ့နီလေးကလည်း တုန်နေသည်။
ယဲ့ရှန်း တိုးတိုးလေး ရယ်မောလိုက်သည်။ သူမမျက်လုံးအောက်က လှပတဲ့ အမှတ်အသားကို ထိတွေ့လိုက်ပြီး ပူနွေးတဲ့ သူမရဲ့ အရေပြားလေးကို ညင်သာစွာ ဖိနှိပ်ပေးလိုက်သည်။
"ရှောင်းယိုနဥ်၊ ကိုယ်က မင်းကို ကြိုက်တယ်လို့ ပြောနေတာ။ မင်းက ဘာလို့ ရှောင်ပုန်းနေတာလဲ"

ВЫ ЧИТАЕТЕ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Исторические романыMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...