Ch -35

2K 212 2
                                    

အခန်း ၃၅

လီချင်ကျစ်က သူ့ကိုယ်သူ ကြေငြာလိုက်တော့ တံခါးဝမှာ တားဆီးခံလိုက်ရသည်။ တံခါးမှူးက သူ့ကို မာထန်စွာ စိုက်ကြည့်နေသောကြောင့် သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။

တကယ်တော့ ရှောင်းမိသားစု ရဲ့ အစေခံတွေသာမက လမ်းပေါ်ရှိ လူများနှင့် အကြီးဆုံးမင်းသမီး၏ပွဲသို့ လာသောလူများကပင် သူ့ကို အလားတူ မထီမဲ့မြင် ပြုသည့် အကြည့်မျိုး ပေးခဲ့သည်။

သူက သူ့မိဘများ၏အမိန့်ကို နာခံခဲ့ရုံသာဖြစ်သော်လည်း စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံးသူက သူဖြစ်လာခဲ့သည်မှာ ထင်ရှားနေသည်။

လီချင်ကျစ်က စိုးရိမ်နေမိသည်။ ရှောင်းမိသားစုမှ အစေခံများက ရှောင်းယိုနဥ် ထွက်လာသည်ကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်နေကြသည်။

သူ့မျက်လုံးတွေက တံခါးဆီကို ရောက်သွားသည်။ မိန်းမငယ်လေးက ပန်းရောင်နဲ့ အဖြူရောင်ကို ၀တ်ထားသည်။ သူမက ကျောက်စိမ်းအရွက်များပါသော ပန်းရောင်ကြာပန်းကဲ့သို့ နူးညံ့သိမ်မွေ့နေသည်။ သူမ၏ မက်မွန်ပွင့်ပုံ မျက်လုံးအောက်ရှိ မှဲ့နီကလေးက ကြာပန်းပွင့်၏ ဆွဲဆောင်မှုရှိသော အဖျားချွန်လေးနှင့် တူနေသည်။

ရှောင်းယိုနဥ်က ယခင်ကထက် ပိုပြီး ကြည့်ကောင်းနေပုံရသည်ကို လီချင်ကျစ် ရုတ်တရက် သဘောပေါက်လိုက်သည်။ ဒီရက်ပိုင်း စိတ်ဓာတ်ကျလွန်းလို့ အပြင်မထွက်ခင် မုတ်ဆိတ်မွေးတောင် မရိတ်တဲ့ သူနဲ့တော့ မတူဘူး။

"ညီမနဥ်..." သူက သူမကို အသံတိုးတိုးလေးဖြင့် ခေါ်လိုက်သည်။ သူ့ကိုယ်သူ ရှက်နေတာမို့ ပျော့ညံ့တဲ့ အသံနဲ့တောင် ပြောနေခဲ့သည်။

ရှောင်းယိုနဥ်က တံခါးခုံရှေ့မှာ ရပ်လိုက်သည်။ သူမက မေးစေ့ကို အနည်းငယ် မြှောက်လိုက်ပြီး "ကျေးဇူးပြုပြီး သတိထားပြီး ပြောပါ ဒုတိယသခင်လေး။ လီမိသားစုနဲ့ ကျွန်မက ကျွန်မတို့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီးပါပြီ ရှင်က နားလည်မှုလွဲမှားအောင် ထပ်ပြီး မဖန်တီးမိဖို့ မျှော်လင့်တယ်။ ကွာရှင်းပြတ်စဲခဲ့ရင်တောင် ကျွန်မရဲ့ဂုဏ်သတင်းက အရေးကြီးနေပါသေးတယ်"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now