အခန်း ၂၈ အပိုင်း ၄
ရှောင်းယိုနဥ် ထိတ်လန့်နေချိန်တွင် ယဲ့ရှန်းကတော့ မျက်မှောင်ကြုတ်နေသည်။
သို့သော် ရုတ်တရတ် တိုက်ခိုက်မှုကြောင့် မျက်မှောင်ကြုတ်ခြင်း မဟုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ကလေးမလေး၏ ဖိနှိပ်မှုကို ခံနေရသောကြောင့်ဖြစ်သည်။ ဒီလို ရင်းနှီးမှုမျိုးက ထူးဆန်းတဲ့ အထိအတွေ့ကို သယ်ဆောင်လာပြီး သူတို့ရဲ့ အသက်ရှုသံတွေကိုတောင် နီးကပ်စေသည်။ သူတို့ ဒီလိုနယ်နိမိတ်ကို တစ်ခါမှ မဖြတ်ကျော်ခဲ့ဖူးဘူး။
ထိုအသက်ရှုသံက သူမ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်ကဲ့သို့ ချိုမြိန်သော ရနံ့တစ်ခုရှိနေပြီး လူကို အားနည်းစေနိုင်သည်။
ဒါက ယဲ့ရှန်းအတွက် တစ်စုံတစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်သည့် ပထမဆုံး အကြိမ်ဖြစ်ပြီး အဲ့တာကလဲ ဒီကလေးမလေးနှင့် ဖြစ်နေသည်။ ဒါတောင် ဒီပြဿနာက ကြီးကြီးမားမားကြီးလို့ မထင်သေးဘူး။ ပြဿနာက သူ့လက်တွေ ထိန်းမရဖြစ်နေလို့ပါ... ပြီးတော့ သူ့ခါးအောက်မှာ ဖိအားတစ်ခုရှိနေတာကိုလဲ သူ သတိပြုမိခဲ့သည်။
"ဘေးကင်းသွားပါပြီ"
ရထားလုံးက ဝေးဝေးမရွေ့ဘဲ နောက်တစ်ကြိမ် ပြန်ရပ်သွားသည်။
ကျန့်ယင်က ရထားလုံးပေါ်မှ ခုန်ဆင်းလာပြီး ယဲ့ရှန်း၏ လုံခြုံရေးကို အတည်ပြုရန် ကန့်လန့်ကာကို ရုတ်သိမ်းလိုက်သည်။
ယဲ့ရှန်းက ထိုအသံကိုကြားသောအခါ သူ့လက်ကို ချက်ချင်းလွှတ်လိုက်သည်။ သူက ရှောင်းယိုနဥ်ကို ဆွဲထူပေးလိုက်ပြီး သူ့ဘေးမှာ ထိုင်ခိုင်းလိုက်သည်။
ကန့်လန့်ကာကို ရုတ်သိမ်းလိုက်ပြီး ကျန့်ယင်က သူ့သခင်လေးကို ထိတ်လန့်တုန်လှုပ်နေသော မျက်နှာနှင့်ကြည့်နေသော ရှောင်းယိုနဥ်ကိုသာ မြင်လိုက်ရသည်။
ရထားလုံးပေါ်၌ မြှားတစ်စင်းရှိသော်လည်း ဘယ်သူမှ မထိခိုက်ခဲ့ပေ။
ကျန့်ယင်က သက်ပြင်းရှည်ကြီးမချမီ သူ၏အတည်ပြုချက်များကို သေချာအောင် ထပ်မံစစ်ဆေးခဲ့သည်။ သူ့မျက်နှာက တင်းမာလွန်းနေပြီး ချွေးတွေကလဲ ရွှဲလို့ပင်။ သူက ပါးစပ်ကိုဖွင့်ကာ တစ်ခုခုပြောချင်ပုံရသည်။ သို့သော် ယဲ့ရှန်းကို သတိထားမိလိုက်ပြီး၊ သူ့မျက်လုံးထဲက အလင်းရောင်မှိန်မှိန်ကြောင့် ကျန့်ယင် ချက်ချင်း ပါးစပ်ပိတ်သွားသည်။

ŞİMDİ OKUDUĞUN
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Tarihi KurguMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...