အခန်း ၅၉ အပိုင်း ၁
ဝေလမှ သံတမန်များ မြို့တော်သို့ ရောက်နေသောကြောင့် ယဲ့ရှန်းက နန်းတော်မှ ရက်အတော်ကြာအောင် မထွက်ခွာနိုင်တော့ပေ။ သို့သော် အကြီးဆုံးသခင်လေးယဲ့နှင့် သူ့ဇနီးက မှုးမတ်အိမ်တော်သို့ သွားရောက်လည်ပတ်ခဲ့ကြောင်းနှင့် ယဲ့အိမ်တွင် ဧည့်ခံပွဲလုပ်မည့်အကြောင်းကို သူ သိလိုက်ရသည်။ သူ့မရီးက ထိုနေ့တွင် သူမယောက္ခမကို ဂုဏ်ပြုသောအားဖြင့် ပွဲကျင်းပမည်ဖြစ်ကြောင်း နန်းတော်သို့ လျောက်လွှာပေးပို့ခဲ့ပြီး ယဲ့မိသားစုအိမ်တော်သို့ ပြန်သွားခဲ့သည်။
သူမရဲ့ ပြောပုံဆိုပုံနဲ့ လုပ်ပုံကိုင်ပုံအရ အကြီးဆုံးသခင်မယဲ့ရဲ့ အတွေးထဲမှာ ဝှက်ထားတဲ့ အစီအစဥ်လေးတွေကို သူက ဘယ်လိုမှ မမြင်နိုင်ဘဲ မနေဘူး။
ရှောင်းယိုနဥ်က အနာဂတ်အတွက် သူမ၏ယောင်းမဖြစ်လာမည်ကို သူမ သတိပြုမိနိုင်ဖွယ်ရှိသည်။ ထိုကြောင့် အချင်းချင်း ပိုမိုရင်းနှီးစေရန် စားသောက်ပွဲတစ်ခုကျင်းပမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပင်မအိမ်တော်က သူ့၏အနာဂတ်ဇနီးသည်နှင့် လိုက်လျောညီထွေပေါင်းသင်းပြကာ သူတို့၏မိခင်ဖြစ်သူကို ကျေနပ်စေမည်ဟု ယဲ့ရှန်းက ကောက်ချက်ချနိုင်ခဲ့သည်။
သူ့မရီးက ပညာရှိမိန်းမပီသပါပေတယ်။
သူမက သူမတို့အတွက် အသာစီးရရန် အခြေအနေအမျိုးမျိုးကို ထည့်သွင်းစဉ်းစားခဲ့သော်လည်း သူနှင့်တော့ ဝေးကွာနေဆဲဖြစ်သည်။ သူမက သူ့ဆီမှတဆင့် ရှောင်းယိုနဥ်နှင့် နီးစပ်ရန် မကြိုးစားဘဲ၊ တိုက်ရိုက်လေးစားမှုကို မြင့်မားလာစေချင်နေသည်။
ယဲ့ရှန်းက ထိုအချက်အလက်များကို သူ့အမေဆီ သတင်းပို့လိုက်သည်။ သူ့အမေက လိုက်သွားဖို့ ဖြစ်နိုင်ချေများသည်ဟု သူ ထင်သည်။ တကယ်တော့ သူ့အမေက ဒီကလေးမလေးကို တရားဝင်တွေ့ခွင့်ရတာ ဒါပထမဆုံးအကြိမ်ပါပဲ။ သူမကိုတွေ့ပြီးနောက်တွင် သူ့အမေက မှူးမတ်အိမ်တော်ကို ကြီးကြီးကျယ်ကျယ် ကျင်းပပုံပေါ်စေမည့် လက်ထပ်ခွင့်ကို တောင်းပေးနိုင်သည်။
သူ မျှော်လင့်ထားသည့်အတိုင်း သခင်မကြီးယဲ့က ယဲ့မိသားစု၏အိမ်သို့ ပြန်သွားရန် ဆန္ဒရှိကြောင်း ပြန်ပြောလာသည်။
YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...