အခန်း ၁၅ အပိုင်း ၂
Warning- ဤအခန်းတွင် ညှဉ်းပန်းနှိပ်စက်ခြင်းများ ပါဝင်သည်။
ပျဉ်ပြားချက်တွေက တရပ်စက်ကျသွားပြီး ဘဏ္ဍာစိုးက အချက်ပြနေကာ တရားခံတွေရဲ့ ရာဇ၀တ်မှုတွေအကြောင်း ကျယ်ကျယ်လောင်လောင် ပြောနေခဲ့သည်။ ရာဇ၀တ်မှုတစ်ခုကို ပြောလိုက်တိုင်း ပတ်ဝန်းကျင်က လူတွေက အရိုးထိအောင် ရိုက်နှက်ခံနေရတဲ့ တရားခံတွေကို ကြည့်ကြပြီး အခင်းဖြစ်ပွားရာနေရာရဲ့ လေထဲမှာ သွေးနံ့တွေရနေပြီး ပိုအသက်ရှူမဝအောင်ဖြစ်စေသည်။
ပင်မအိမ်တော်မှ အနိုင်ကျင့်ခံရသော သခင်မလေးက လူအများ အပြစ်ပေးခံရသည်ကို ကြည့်ရင်း ပြုံးနေခဲ့သည်။ သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်ဟုတ်မဟုတ်က အရေးမကြီးတော့ပါဘူး၊ ဒီလိုအခြေအနေမျိုးမှာ သူမက ကြောက်စရာကောင်းနေသည်။
သို့သော် ထိုနောက်ကွယ်တွင် ပို၍ ထိတ်လန့်စရာကောင်းသော အရာတစ်ခု ရှိနေမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ ရှောင်းယိုနဥ်က သူမဘေးမှ မျက်နှာဝိုင်းလေးနဲ့ အစေခံမိန်းကလေးအား စကားအနည်းငယ်ပြောလိုက်သည်။ ထို့နောက် ယွမ်ကော်က နှိပ်စက်ခံရသူများဆီသို့ လျှောက်သွားခဲ့သည်။
ရှောင်းဒုတိယသခင်ကြီးက စစ်ကြောရေးစတင်ပြီဟု ထင်ခဲ့သည်။
အဆုံးတွင် ယွမ်ကော်သည် သူမ၏ခါးမှ ဓားမြှောင်ကို ဆွဲထုတ်ပြီး သက်တော်စောင့်ရှဲ့ ၏ လက်ကောက်ဝတ်ကို တိုက်ရိုက် လှီးပစ်လိုက်သည်။ မထင်မှတ်ပဲ သူမသည် တစ်ဖက်လူ၏ အရွတ်ကိုပင် ဖျက်ဆီးပြစ်လိုက်သည်။
နှလုံးခုန်မြန်စေနိုင်လောက်သည့်အော်သံက လူတိုင်းရဲ့ နားစည်ကို တုန်လှုပ်သွားစေသည်။ ထို့နောက် ယွမ်ကော်က အခြားလက်တစ်ဖက်ကို ထပ်မံဖျက်ဆီးပစ်လိုက်သည်။
ယွမ်ကော်က သူမအနားကို ပြန်ရောက်လာတာကို စောင့်ပြီးနောက် ရှောင်းယိုနဥ်က ရှောင်းမိသားစုရဲ့ ဒုတိယအိမ်တော်ခွဲမှ ဖြူဖျော့တဲ့ ခင်ပွန်းနဲ့ ဇနီးကို ကြည့်ကာ "သူတို့က ကျွန်မ အသက်ကို လိုချင်ပြီး အခု ကျွန်မက သူ့လက်ကိုပဲ ပြန်လိုချင်တာ။ ဒါက ကြီးမားတဲ့ ရာဇ၀တ်မှုကြီးအတွက် လျော့ပေါ့ပေးတဲ့ သေးငယ်တဲ့ ပြစ်ဒဏ်လေးပါပဲ။ ဆုံးဖြတ်ချက်တွေချပေးခဲ့တဲ့ ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရှောင်းမိသားစုက အမြဲတမ်း မကောင်းမှုများအတွက် အကောင်းကို ပြန်လာစေပြီး မကောင်းတဲ့လူတွေကို နှင်ထုတ်တက်တယ်။ ဒါကြောင့် ဒီလိုကိစ္စကို ကျွန်မဘာသာ ပြေလည်အောင် ဖြေရှင်းနိုင်ပြီး ကျွန်မအတွက် စိတ်ပူပေးဖို့ အသက်ကြီးတဲ့သူတွေကို တောင်းဆိုနေစရာ မလိုပါဘူး။"

أنت تقرأ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
أدب تاريخيMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...