အခန်း ၆၆ အပိုင်း ၂
ဒူးထောက်နေသော အမျိုးသားများက တုန်လှုပ်ချောက်ချားနေရာမှ သတိဝင်လာပြီး ထရပ်လာကြသည်။ ရှူသားနှစ်ယောက်က သူတို့၏ဖခင်ကို အမြန်ကူညီပေးကြသည်။ တစ်စုံတစ်ယောက်က သမားတော်ခေါ်ရန် လှမ်းအော်နေသော်လည်း အကြီးဆုံးသခင်လေးယဲ့က အသံမာမာဖြင့် "ဘာ သမားတော်လဲ! သခင်ကြီးက သူ့ရောဂါကနေ ပြန်သက်သာလာတာ ကြာနေပြီ။ ဘာလို့ သမားတော်ကို ဖိတ်ခေါ်မှာလဲ။ အခုချိန်ကစပြီး သူ့ကျန်းမာရေးကို ဘယ်သူကမေးပါစေ သူနေကောင်းနေလို့ အဝေးကိုတောင် ခရီးထွက်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပြောရမယ်"
ယဲ့မိသားစုဝင်များက တဖန်တုန်လှုပ်သွားကြပြန်သည်။ သူတို့က အကြီးဆုံးသခင်လေးယဲ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
ဒါက ဘာကို ဆိုလိုတာလဲ???
သခင်ကြီးကို ကောင်းကောင်း မဆက်ဆံတော့ဘူးလား???
မိန်းမစိုးပြောခဲ့တာတွေအတွက် သူတို့အားလုံးမှာ ယေဘုယျ အတွေးအမြင်တစ်ခုစီရှိကြသည်။ ဒါပေမယ့် အခုချိန်မှာတော့ အကြီးဆုံးသခင်လေးယဲ့ က သူတို့ကို အော်ငေါက်တာကို ခံရတော့ သူတို့က ဘာကိုဆိုလိုမှန်း သဘောပေါက်သွားကြသည်။
တကယ်တော့ တော်ဝင်မိသားစုက သူတို့အပေါ်တွင် မရှိသင့်သော အပြစ်တင်ခြင်းကို ခံယူခဲ့သည်။ ထိုကြောင့် သခင်ကြီးက အသက်ရှင်ရမည်။ မဟုတ်ရင် တော်ဝင်မိသားစုကို ဝေဖန်ခံရလိမ့်မည်။ ထို့ကြောင့် သူသည် ယခုအချိန်တွင် မည်သည် အပျက်အစီးမျှ မကြုံသင့်၊ မဖျားနာသင့်၊ မသေသင့်ပေ။ သူသေသွားရင်တောင်... အိမ်ဝင်းထဲက အေးစက်တဲ့လေက သူတို့အရေပြားထဲကို ထိုးဖောက်ဝင်ရောက်လာသလိုမျိုး လူတိုင်းရင်ထဲမှာ တုန်လှုပ်ခြောက်ခြားနေကြသည်။
အမိန့်ချပြီးသည်နှင့် ရှောင်းယိုနဥ်က ပို၍ပင် အလုပ်ရှုပ်လာသည်။ နှစ်သစ်ကူး ရောက်ဖို့ သုံးရက်ပဲလိုတော့သည်၊။ ဒါပေမယ့် အခု သူမက မင်းသမီးဖြစ်သွားတော့ ဂရုစိုက်ရမယ့် အရာတွေက နှစ်ဆကျော် တိုးလာခဲ့သည်။
နှစ်သစ်ကူးအကြိုညအထိ သူမ အလုပ်များနေသည်။ သူမ အသက်ရှုမဝဖြစ်နေပေမယ့် သခင်ကြီးယဲ့ တစ်ခုခုဖြစ်နေပြီဆိုသော သတင်းကို ကြားလိုက်ရသည်။

أنت تقرأ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
أدب تاريخيMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...