အခန်း ၄၈
လီသခင်မက သူမ၏ ဖိတ်ကြားချက် အပြီးတွင် သူမအမေ ရောက်လာမည်ဟု မမျှော်လင့်ထားပေ။ သူမက ကျွန်များကို အိမ်တွင်းသန့်ရှင်းရေးလုပ်စေပြီး တစ်ညလုံး တာဝန်လွှဲပေးခဲ့သည်။ ထို့နောက် နောက်နေ့နံနက်စောစောတွင် သူမက သခင်မကြီးယဲ့အား လီအိမ်တော်သို့ ကြိုဆိုရန် သွားခဲ့သည်။
ဧကရာဇ်က အမျက်ထွက်ပြီး ဟွေ့ကျင့်၏ဘွဲ့ကို ရုပ်သိမ်းပြီးနောက်၊ အကြီးဆုံးမင်းသမီးအိမ်တော်နှင့် လီမိသားစုတို့သည် သူတို့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ ယဲ့သခင်မကြီးက သူ့မြေး၏အိမ်ထောင်ရေးတွင် အမှန်တကယ် ကူညီရန် လီအိမ်တော်တွင်ရှိနေကြောင်း သခင်မများ အားလုံးက သိသွားသောအခါ ယဲ့ရှန်းအကြောင်းကို သဘာဝကျကျ တွေးခဲ့ကြသည်။
သူက အကျဉ်းသားများအား အပြစ်ပေးပိုင်ခွင့်အာဏာကို ချုပ်ကိုင်ထားနိုင်သည့် တရားဝင်ရာထူးမရှိသူဖြစ်ပြီး သူက နာမည်ဆိုးဖြင့်ကျော်ကြားသော တော်ဝင်အကျဉ်းထောင်ကို အချိန်မရွေး ဝင်ထွက်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ သူ၏ သြဇာအာဏာ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရဘဲ လူများက သူ့ကို ပိုကြောက်စေသည်။ ထို့ကြောင့် မြို့တော်ရှိ မိသားစုနှစ်စုအကြောင်း အတင်းအဖျင်းပြောသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
"အတင်းအဖျင်းတွေကို ဒီလို နှိမ်နင်းနိုင်တယ်ဆိုတာ ဒီကျွန်က ခုမှပဲ သိတော့တယ်။ သခင်မရဲ့လှည့်ကွက်က တကယ့်ကို လိမ္မာပါးနပ်ပါပေတယ်" လီသခင်မ၏ဘေးနားမှ မော့မော့က ပြင်ပသတင်းများကို အာရုံစိုက်ခဲ့ပြီး လီသခင်မကို သတင်းကောင်းကို ပြောပြသဖြင့် လီသခင်မက ပြုံးနေသည်။
"ဒုတိယသားရဲ့ အိမ်ထောင်ရေးက ချောချောမွေ့မွေ့ဖြစ်နေပြီ" လီသခင်မက သက်ပြင်းရှည်ကြီး ချလိုက်သည်။ "အခု ဒီမှာ တခြား အကြီးအကဲတွေ မရှိတာ ကောင်းတယ်၊ မဟုတ်ရင် အမေကို ကူညီဖို့ ဖိတ်ခေါ်လို့ရမှာ မဟုတ်ဘူး၊ တခြားသူတွေကို အသေးအဖွဲလို့ ခံစားရစေမှာ မဟုတ်ဘူး"
"သခင်မက အတွေးလွန်နေတာပါ။ အိုး၊ ဒါက မိသားစုတွေအတွက် ကောင်းချီး နှစ်ဆ ပါပဲ။ အကြီးဆုံးသခင်ကြီးရဲ့ ဇနီးက ယမန်နေ့က ကိုယ်ဝန်ရှိကြောင်း အတည်ပြုခဲ့တယ်၊ နောက်ဆိုရင် သခင်မက သခင်မကြီးကို သတင်းကောင်းကို ပြောပြနိုင်ပြီး သူမကို ပျော်ရွှင်စေမယ့် နောက်ထပ်အရာတစ်ခု ဖြစ်လာပါလိမ့်မယ်၊ သခင်မကြီးရဲ့ မကျေနပ်မှုတွေ မကြာခင် ပျောက်ကွယ်သွားလိမ့်မယ်"

ВЫ ЧИТАЕТЕ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Исторические романыMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...