Ch -38.2

1.7K 187 4
                                    

အခန်း ၃၈ အပိုင်း ၂

အကြီးဆုံးမင်းသမီးက စိတ်သက်သာရာရသွားပေမယ့် သူမသမီးက လက်စားချေရန် ကြံစည်နေပြီဖြစ်ကြောင်း သူမ မသိခဲ့ပေ။ ပွဲတစ်ဝက်ပြီးသွားချိန်မှာတော့ ဟွေ့ကျင့်က ရှောင်းယိုနဥ်အပေါ်ကို လက်ဖက်ရည်တစ်ခွက်ကို မတော်တဆ ဖိတ်ကျစေခဲ့ပြီး ရှုပ်ယှက်ခတ်နေချိန်မှာ အဝတ်အစားလဲဖို့ သူမကို လိုက်ပို့ပေးမယ်လို့ တောင်းဆိုခဲ့သည်။

ရှောင်းယိုနဥ်က တစ်ချက်ကြည့်ရုံနဲ့ ဟွေ့ကျင့်အစီအစဉ်ကို သိလိုက်သည်။ သူမက ဥယာဥ်နားတွင် ရပ်ထားသည့် ရထားလုံးပေါ်မှ အစေခံမိန်းကလေးကို ရှောင်လိုက်သည်။ "ရာသီဥတုက ပူတော့ မကြာခင် ခြောက်သွားမှာပါ။ စတုတ္ထအဆင့်မင်းသမီးက စိတ်ပူပေးဖို့ မလိုပါဘူး"

ဒါကြောင့် သူမ အလှည့်စား မခံခဲ့ရဘူး။ ဟွေ့ကျင့်က ဒေါသအရမ်းထွက်နေပြီး အံကို ကြိတ်လိုက်သည်။ သူမက ရှောင်းယိုနဥ်ကို အတင်းဆွဲမခေါ်နိုင်သဖြင့် ဒေါသတကြီး ပြန်သွားခဲ့ရသည်။ သို့သော် သူမထိုင်ပြီးနောက် ခေါင်းငုံ့ကာ ရက်စက်စွာ ပြုံးနေသည်။

ဝိုင်သုံးကြိမ်သောက်ပြီး နေ့လည်စာစားပြီးသွားသောအခါ နန်းတွင်းဧည့်ခံပွဲကြီးက ပြီးဆုံးသွားလေသည်။ ဟွေ့ကျင့်က တိတ်ဆိတ်နေပြီး နောက်ဆုံးတွင် လှည့်ကွက်များဖြင့် ရပ်သွားသည်ကို တွေ့ရတော့ ရှောင်းယိုနဥ်လည်း စိတ်သက်သာရာ ရသွားသည်။ ဧကရီက ပြန်ချိန်တန်ပြီဟု ပြောသောအခါ ဟွေ့ကျင့်က ရုတ်တရက် အသံထွက်လာသည်။ "ဒါက ဘာလဲ"

သူမက ဧကရီအား ဧကရီထံသို့ မှတ်စုကို ပြခဲ့သည်- "ဧကရီ၊ ဒါက ဘယ်လိုဖြစ်ရတာလဲ!"

ဧကရီက စာရွက်ကို ငုံ့ကြည့်လိုက်သည်။ သူမ၏ မျက်နှာသည် ပြောင်းလဲသွားပြီး ရှောင်းယိုနဥ်ကို မော့ကြည့်လာသည်။

ဤအခိုက်အတန့်တွင် ဟွေ့ကျင့်ထံမှ ထပ်မံပေါ်ပေါက်လာသည့် ကြံစည်မှုမှ သူမ မလွတ်မြောက်နိုင်တော့ကြောင်းကို ရှောင်းယိုနဥ် သိလိုက်သည်။

အကြီးဆုံးမင်းသမီးက သူမသမီးလေး သရုပ်ဆောင်တာကို မြင်တော့ ဒုက္ခပေးဖို့ ထပ်ပြီး သွေးထိုးရန် ကြိုးစားနေမှန်း သိသွားသည်။ သူမ သမီးလေး ဘာတွေလုပ်ခဲ့လဲဆိုတာ အမြန်ကြည့်လိုက်သည်။ မှတ်စုတွင်ဖတ်ရသည်မှာ- နဥ်နဥ်၊ ပွဲပြီးရင် ငါ့ကို စောင့်ပါ။ ၎င်းကို "ဝူ"*၁ စာလုံးဖြင့် ရေးထိုးထားသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now