အခန်း ၆၆ အပိုင်း ၃
ထိုညတွင် ရှောင်းယိုနဥ်၏ မျက်နှာက မျက်ရည်များ ဖုံးလွှမ်းသွားသည်။ သူ့ခါးရဲ့ ခွန်အားက အမှန်တကယ် ပိုသန်မာလာတယ်ဆိုတာ သူမနောက်ဆုံးမှာ သဘောပေါက်သွားပြီး သူက သူမကို မလွတ်တမ်း ပွေ့ဖက်ထားခဲ့သည်။ ဒီညရဲ့ ဒေါသက သူမတစ်ကိုယ်လုံးကို နာကျင်သွားစေတဲ့အထိ ခံစားရစေခဲ့သည်။
နောက်တစ်နေ့တွင် နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုကြသည်။ နန်းတော်မှာ ပျော်ရွှင်မှုတွေ ပြည့်နေခဲ့သည်။ ဘိုးဘွားအခမ်းအနားအပြီးတွင် ကျောက်ရှန်းက သူ့၏မိခင်၊ ဇနီးနှင့်အတူ တော်ဝင်မိသားစုများကို တရားဝင် တွေ့ဆုံခဲ့သည်။ ဧကရာဇ်ကလည်း အလွန်ပျော်ရွှင်နေသည်။ ယခင်နှစ်များထက် ပိုမိုကြာရှည်ပြီး ခမ်းနားသော မိသားစုတွေ့ဆုံပွဲတစ်ခုကို ကျင်းပခဲ့သည်။
အများသူငါ၏မျက်စိအောက်တွင် ရှိမနေသော အကြီးဆုံးမင်းသမီးမှလွဲ၍ တစ်မိသားစုလုံး ရွှင်မြူးနေကြသည်။ သူမက မင်းသားလွေ့၏ တော်ဝင်ကြင်ယာတော်အား ဦးညွှတ်ပြုမူပုံကို ပြောင်းလဲရန် လိုအပ်သည်။ သူမ နှလုံးသားထဲက နာကြည်းမှုတွေကို ဖြေဖျောက်ပြီး တစ်ယောက်တည်း သောက်နေခဲ့သည်။
ယနေ့မှစပြီး တော်ဝင်ကြင်ယာတော်ကို သူမ ဘာမှ မလုပ်နိုင်တော့ကြောင်း သူမ သိသည်။ သူမ မမူးမချင်း တစ်ယောက်တည်း သောက်နေခဲ့သည်။ ထိုနောက် သူမက ကျင့်ဝတ်ပျက်ပြားပြီး ဧကရာဇ်မင်းရှေ့တွင် ရယ်မောလိုက် ငိုလိုက် လုပ်နေလေသည်။ သူမခင်ပွန်းသည်က အလျင်အမြန် တောင်းပန်ပြီး အကြီးဆုံးမင်းသမီးကို အိမ်ပြန်ပို့ပေးခဲ့သည်။
ရထားလုံးအတွင်းတွင် သူမ၏ခင်ပွန်းသည်က တဖြည်းဖြည်းနိုးလာနေသော အကြီးဆုံးမင်းသမီးကို "ငါ့မှာ အပြင်မှာ ထောက်ပံ့ထားတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်၊ နောက်လဆို သူ(မ) ကလေးမွေးတော့မယ်။ သမားတော်က ယောကျာ်းလေးဖြစ်နိုင်တယ်လို့ ပြောထားတယ်။ သူ့ကို မင်းရဲ့နာမည်အောက်မှာ မွေးစားမယ်။ သူက ငါ့ရဲ့တရားဝင်သားအကြီးဆုံးဖြစ်လာပြီး မင်းရဲ့တရားဝင်သားအကြီးဆုံး ဖြစ်လာလိမ့်မယ် မင်းနားလည်လား"

STAI LEGGENDO
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Narrativa StoricaMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...