အခန်း ၁.၂
ယခုအချိန်တွင် ကြမ်းကြုတ်ပြီး သန်မာသော အစေခံအမျိုးသမီးကြီးများက သူမကို ချုပ်နှောင်ရန် ဤနေရာတွင် ရှိနေပြီ ဖြစ်သည်။ သူမ နောက်ထပ် ခြေလှမ်းနှစ်လှမ်းခန့် ထပ်ဆုတ်လိုက်သော်လည်း တစ်စုံတစ်ယောက်က သူမ၏ လက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
"လွတ်! ကျွန်မက ရှင်တို့ လီမိသားစုနဲ့ ဘာမှမဆိုင်ဘူး၊ ကျွန်မ ဘယ်သွားသွား ရှင်တို့ လီမိသားစုက စိတ်ပူရမယ့် အကြောင်း မဟုတ်တော့ဘူး!"
သူမက သူတို့လက်မှ လွတ်မြောက်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း တစ်ဖက်သား၏လက်များက သံညှပ်များကဲ့သို့ဖြစ်နေပြီး အတွင်းဆောင်တွင် ကြီးပြင်းလာခဲ့ပြီး တစ်သက်တာလုံး အလိုလိုက်ခံခဲ့ရသော သူမကဲ့သို့ မိန်းမပျိုလေးအတွက် ယှဥ်ပြိုင်နိုင်သည့် အရာမဟုတ်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုအမျိုးသမီးကြီးများက သူမကို ပို၍ တင်းကြပ်စွာ ချုပ်နှောင်လိုက်ကြသည်။ သူမ၏လက်ကောက်ဝတ်က အလိမ်ခံထားရပြီး သူမ၏ခန္ဓာကိုယ်နောက်တွင် ကွေးညွှတ်နေခဲ့သည်။ သူမ၏လက်ဆစ်များဆီမှ နာကျင်ကိုက်ခဲမှုက တစ်ဖြည်းဖြည်း တိုးလာသော်လည်း သူမက သူမကို အရှက်ရစေသော သူများ၏ရှေ့တွင် သူမ၏သူရဲဘောကြောင်မှုကို ဖော်ထုတ်ရန် ဆန္ဒမရှိခဲ့ပေ။ သို့သော်လည်း ယခုအချိန်တွင် ရှောင်းယိုနဥ်က သူမ၏စီးကျနေသော မျက်ရည်များကိုတော့ မထိန်းနိုင်ခဲ့ပေ။
"လွှတ်...ငါ့ကိုလွှတ်!" သူမ ရုန်းကန်နေရင်း သူမ၏အမြင်အာရုံများက ဝေဝါးလာသည်။
လီသခင်မက သူမ၏ မေးစေ့ကို အနည်းငယ် မော့ထားပြီး အောင်ပွဲခံသော အကြည့်ကို ပေးနေသသည်။ ငယ်ရွယ်နုပျိုသော ကလေးမလေးက အပေါ်ယံတွင် မည်မျှပင် ငြိမ်သက်နေပါစေ သို့မဟုတ် သူမ၏ စကားလုံးများက မည်မျှပင် ထက်မြက်နေပါစေ၊ ဤတစ်ကြိမ်တွင် သူမက အလွယ်တကူပျက်ဆီးနိုင်သော စက္ကူကျားတစ်ကောင်ထက် မပိုခဲ့ပေ။
"အမေ!" တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော လီချင်ကျစ်က သူ၏ခေါင်းကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ရည်များက တသွယ်သွယ် စီးကျနေသည်ကို မြင်လိုက်ရသည်။

ВЫ ЧИТАЕТЕ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Исторические романыMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...