အပိုင်း ၄၄
ယဲ့ရှန်းက သူမ အလွန်ရဲရင့် သိပြီးသားပါ။
သူမက မင်္ဂလာဆောင်တဲ့နေ့မှာတောင် လီအိမ်တော်ကို မီးတင်ရှို့ပြီး သူမကိုယ်သူမ ကာကွယ်ဖို့ လမ်းမကြီးပေါ် မတ်တပ်ရပ်နေတဲ့ သူမကို တွေ့ခဲ့ဖူးသည်။ ရှောင်းမိသားစု၏ ဒုတိယအိမ်တော်ခွဲမှ အစီအစဥ်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့သော သူမပုံစံကိုလည်း တွေ့မြင်ဖူးသည်။ သူမက အန္တရာယ်နှင့် ရင်ဆိုင်နေချိန်တွင်ပင် ကြောက်မနေဘဲ သူနှင့် ညှိနှိုင်း ရောက်လာခဲ့ဖူးသည်။
ငယ်စဉ်ကတည်းက စည်းကမ်းအမျိုးမျိုးဖြင့် ကြီးပြင်းလာခဲ့ရသော ဒီမိန်းကလေးက လုံးဝ ရဲရင့်ပြီး သူ သူမကို လျှော့မတွက်ခဲ့ပေ။
သူ့ကို နမ်းပြီး နှောင့်ယှက်နိုင်တဲ့ စွမ်းရည်ကတော့ တကယ့်ကို ရဲရင့်လွန်းသည်။
ယဲ့ရှန်းက သူမ၏ရဲရင့်မှုကြောင့် အံ့အားသင့်ခဲ့ရသော်လည်း သူမ၏ရဲရင့်မှုကြောင့် သူ၏နှလုံးခုန်နှုန်းကို မြန်လာပြီး သူ ကျေနပ်နေမိသည်။
ရိုးရှင်းသောနမ်းခြင်း သို့မဟုတ် အနမ်းဟုပင် မရေမတွက်နိုင်သော ရင်းနှီးမှုတစ်ခုကြောင့် ယောက်ျားနှင့်မိန်းမကြားဆက်ဆံရေးသည် ပိုမိုပူနွေးလာပြီး စိတ်အားထက်သန်နိုင်သည်ကို သူ အရင်က ဘယ်သောအခါမှ မသိခဲ့ပါ။
နှလုံးခုန်သံက ပြင်းထန်နေလို့ သူ မူးဝေနေပြီလို့တောင် ခံစားရနေရသည်။
သူ့ပါးပြင်ကို နမ်းပြီးနောက် ရှောင်းယိုနဥ်က ခေါင်းငုံ့ကာ သူမ မျက်နှာက နီရဲနေသည်။ သူမလက်တွေက သူမအဝတ်အစားတွေကို ဆုတ်ကိုင်ထားသည်။ သူမက အမှားတစ်ခုခုလုပ်မိတဲ့ ကလေးလေးနဲ့တူနေသည်။
တကယ်တော့ ဒါက သူမ ခဏတာ တွန်းအားတစ်ခုကြောင့် လုပ်လိုက်မိတာပါ။ အဲ့တာကို လုပ်ပြီးနောက်တွင် သူမ ရှက်ရွံ့လာပြီး နားမလည်နိုင်သော စိုးရိမ်မှုတစ်ခုဖြင့် ကျန်ရစ်ခဲ့သည်။
သူမ... အရမ်းအထီးကျန်နေပုံပဲ။
ဒါပေမယ့် သူ့ကို သဘောကျလာတဲ့အခါ သူမကိုယ်သူမ မထိန်းနိုင်ဖြစ်သွားသည်။ အထူးသဖြင့် သူနဲ့ရင်းနှီးဖို့ကြိုးစားတဲ့ မိန်းမပျိုကို တွေ့ပြီးနောက် သူကို ဘယ်သူနဲ့မှ နီးနီးကပ်ကပ် မနေစေချင်တော့ဘူး။ သူမရှေ့ကလူကို သူမရဲ့လူပဲ လုံးဝဖြစ်စေချင်တဲ့ ဆန္ဒတွေက သူမ စိတ်ထဲမှာ ပြည့်နေသည်။

YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...