အခန်း ၆၂ အပိုင်း ၂
သခင်မကြီးယဲ့က သူ့ကို ခဏ တားထားခဲ့ပြီး အစေခံတွေကို စားပွဲအသေးတစ်ခုပြင်ဆင်ဖို့ အမိန့်ပေးလိုက်သည်။ ယဲ့ရှန်း အပြင်မထွက်ခင်မှာ သူတို့လင်မယားနှစ်ယောက် နေ့လည်စာ မစားရသေးတာကြောင့် အလုံအလောက် စားသောက်သင့်တယ်ဟု သူမက ပြောလိုက်သည်။
သူမ၏ရှောင်းယိုနဥ် အပေါ်ဆက်ဆံပုံက လူတိုင်းကို မနာလိုဖြစ်စေသည်။
ဟွေ့ကျင့်က အနည်းငယ် ဖျော့တော့သောပုံစံဖြင့် တိတ်တဆိတ်ကြည့်နေသည်။ သို့သော်လည်း သူမက ပွင့်လန်းနေသော ပျိုးနီပန်းကဲ့သို့ တစ်ချိန်လုံး နူးညံ့သိမ်မွေ့စွာ ပြုံးနေခဲ့ရသည်။ အတွင်းပိုင်းမှာတော့ လီမိသားစုနဲ့ လက်ထပ်ခဲ့ရတာကြောင့် အရာရာ ဆုံးရှုံးခဲ့ရပြီပင်။
သူမ ကြိုက်တဲ့လူက သူမ ထင်ထားသလို မဟုတ်ဘူး၊ သူမ မုန်းတဲ့သူကတောင် သူ့ထက် ပိုကောင်းနေသေးသည်။ ဒါဆို ဒီအရာတွေနဲ့ ထိုက်တန်ဖို့ သူမ ဘာလုပ်ခဲ့လဲ။ သူမက အရှက်ကွဲစေသည့်အရာများကို ကိုယ်တိုင်လုပ်ဆောင်မိခဲ့ပြီး ဂုဏ်သိက္ခာမဲ့စွာ နေထိုင်နေသွားရတော့မည်ပင်။
ဟွေ့ကျင့်၏ မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်နေသည်ကို နန်းတော်မှ မော့မော့များက မြင်လိုက်ရသည်။ သူတို့က သူမကို အပြင်ကို ခေါ်သွားကာ တခြားသူရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို မပျက်စီးရအောင် ဖိအားပေးနေကြသည်။
ယဲ့သခင်မကြီးနှင့် စကားပြောနေသော ရှောင်းယိုနဥ်က ဟွေ့ကျင့်၏ ဤပြောင်းလဲမှုကို ချက်ချင်းမြင်လိုက်ရသည်။ သူမက သူမအနားယူရန် ပြန်ချင်ကြောင်း သူမယောက္ခမကို ပြောလိုက်သည်။
မော့မော့များက ဟွေ့ကျင့်ကို ဧည့်ခန်းမနှင့်ဝေးသော စင်္ကြံထောင့်တစ်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ မော့မော့တစ်ဦးက အေးစက်သောလေသံဖြင့် သူမကို ပြစ်တင်စပြုလာသည်။ စကားလုံးများက သူမ၏ဂုဏ်သိက္ခာကို ချိုးနှိမ်သော ဓားနှင့်တူနေသည်။
ရှောင်းယိုနဥ်က ဟွေ့ကျင့်ကို မုန်းတီးခဲ့ပြီး သူမ၏စက်ဆုပ်ရွံရှာဖွယ်ကောင်းသော နည်းပရိယာယ်များကို တုန့်ပြန်ခဲ့ဖူးသည်။ သို့တိုင် မော့မော့၏ စကားကို ကြားသောအခါ ရှောင်းယိုနဥ်က မကူညီဘဲ မနေနိုင်တော့ဘဲ ထောင့်မှ ထွက်လာခဲ့သည်။

ESTÁS LEYENDO
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Ficción históricaMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...