အခန်း ၃ အပိုင်း၂
ည၏ ကန့်လန့်ကာအောက်တွင် နန်းတော်၏လမ်းမ နှစ်ဖက်စလုံး၌ မီးထွန်းထားသော မီးပုံးများ ရှိနေသည်။ သို့သော် နန်းတော်လမ်းများက နက်နဲပြီး ရှည်လျားသောကြောင့် တန်းစီနေသော မီးပုံးတန်းများကြောင့် တဝက်က လင်းထိန်နေသော်လည်း တဝက်က မှောင်နေသေးသည်။
ယဲ့ရှန်းက သူ့၏ကိုယ်ပိုင် မီးပုံးကို ကိုင်ထားပြီး နန်းတော်လမ်းမများကို ဖြတ်လျောက်နေခဲ့သည်။ သူနှင့်အတူ ညနေက သူ့ဝေါယာဥ်၏နံဘေးတွင် သူနှင့်အတူလိုက်ပါခဲ့သော တော်ဝင်သက်တော်စောင့်ငယ်လေးလည်း လိုက်ပါနေခဲ့သည်။ ထိုကိုယ်ရံတော်က သူ့နောက်မှ တလှမ်းပြီးတလှမ်း လိုက်ပါနေခဲ့သည်။
သခင်နှင့် အစေခံ နှစ်ယောက်သား အချိန်အတော်ကြာ တိတ်တဆိတ် လျှောက်လှမ်းနေကြပြီး အကွာအဝေးတစ်ခုတွင်ရှိနေသော နန်းတော်အမိုးကြီးတွင် ထုလုပ်ထားသော သာလွန်ကောင်းမွန်သည့် သုမင်္ဂလသားရဲ ရုပ်ထုသည်ပင် ဖြည်းညှင်းစွာ ပုံရိပ်ပေါ်လာသည်။ တော်ဝင်ကိုယ်ရံတော်လေးက ကျောက်လှေကားများ၏ခြေရင်းတွင် ရှိနေသော အလင်းရောင်ကို စူးစိုက်ကြည့်ကာ ရုတ်တရက် သူ့ခေါင်းကို မော့လိုက်ပြီး "ဘုရင်မင်းမြတ်ဆီ သွားပြီး သတင်းပို့မှာလား?"
(သုမင်္ဂလသားရဲ- နဂါးနှင့် ဆင်တူသော)
"ဘာကို သတင်းပို့ရမှာလဲ?" သူက စကားလုံးများဖြင့်သာ ပြန်မေးလိုက်သည်။
ထိုမေးခွန်းကို ကြားချိန်တွင် တော်ဝင်ကိုယ်ရံတော်လူငယ်က အံ့သြသွားပြီး သူ့သခင်ကို စိုက်ကြည့်နေသည်။ သူက သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး အသံတစ်ခုသာ တုန့်ပြန်လိုက်သည်။ "အိုး!"
ထို့နောက် ခဏအကြာတွင် သူက "သခင်... ဘုရင်မင်းမြတ်ရဲ့ အမိန့်ကြောင့် သခင်နန်းတော်ကထွက်ပြီး လီမိသားစုဆီကို သွားခဲ့တာ မဟုတ်ဘူးလား?"
ဒါဆို သူပြန်လာရင် အစီရင်ခံရမယ်ဆိုတာ ရှင်းနေတာဘဲလေ။
ယဲ့ရှန်းက မနှေးလွန်း မမြန်လွန်းသော အရှိန်ဖြင့် လျှောက်လှမ်းနေဆဲဖြစ်ပြီး သူ့လက်ထဲမှ မီးပုံးကို မြှင့်တင်ရန် မဟော်ဂနီချောင်းပါးပါးလေးအား သူ့လက်မဖြင့် အနည်းငယ် ဖိထားလိုက်သည်။

أنت تقرأ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
أدب تاريخيMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...