Ch -14

3.2K 260 1
                                    

အခန်း ၁၄

"သခင်လေး... ရှောင်းမိသားစုရဲ့သခင်မလေးက ဘာကိုဆိုလိုတာလဲ"

ကျန့်ယင်၏ မျက်လုံးများသည် ပြူးကျယ်ဆဲပင်။ မေးခွန်းမေးရင်း ထွက်ခွာလာတဲ့ ရထားလုံးကို ညွှန်ပြပြီး သူ့ရဲ့ ပဉ္စမသခင်ဆီကို ဦးတည်လိုက်သည်။

ယဲ့ရှန်းက သူ့လက်ထဲတွင် ပုတီးစေ့ကြိုးကို ပြန်ကိုင်လိုက်ကာ ဖုန်မှုန့်များက အလင်းတန်းတစ်ဝိုက်တွင် လွင့်ပျံနေသည်။ ကလေးမလေးက သူ့ကို မကြောက်သလိုမျိုး မောက်မာစွာ ပြောနေခဲ့သည်။

လစဉ် ဆယ့်ငါးရက်မြောက်နေ့တွင် ချင်ဖုန်းတာအိုဘုရားကျောင်းသို့ လာမည်ဟု သူမက ပြောခဲ့သည်။ အခုနပဲ ဖိတ်ခေါ်ချက်က သူမလျှာဖျားကနေထွက်လာပြီး အခု ဒီစကားတွေက သူ့နှလုံးသားထဲမှာ ပတ်ချာလည်နေတယ်။ စကားလုံးတွေက သူ့ကို နှိုးဆွနေသလိုပါပဲ။

ဆယ့်ငါးနှစ်မှာ သူ မလာခဲ့ရင် သူမကို ဖုံးကွယ်နေပြီး သူ့မှာ သတ္တိမရှိတာ ထင်ရှားနေမည်ဖြစ်သည်။

တစ်စုံတစ်ဦးကို တစ်ခုခုလုပ်ရန် ရန်စသည့်နည်းလမ်းကို ဗိုလ်ချုပ်ကြီးများ၏ မိသားစုမှ မွေးဖွားလာသူက အမှန်တကယ် အသုံးပြုခဲ့သည်။ သုံးဆယ့်ခြောက်ဗျူဟာထဲမှ ၁ ခုကို သူမ အသုံးပြုခဲ့သည်။

သူမ သူ့ကို တကယ်ပဲ တွေ့ချင်နေတာလား။

ယဲ့ရှန်းက ခပ်တိုးတိုး ရယ်လိုက်သည်။ အေးစက်သောအသံက ရုတ်တရတ် ကြည်နူးမှုဖြင့် ရောနှောနေကာ ဘာမှန်းမသိသော နူးညံ့သိမ်မွေ့မှု အရိပ်အမြွက်တစ်ခု ထွက်ပေါ်လာသည်။

သူက ရထားပေါ်မှ ဆင်းကာ တာအိုဘုရားကျောင်းသို့ ဝင်သွားသောအခါတွင် သူ၏အမူအရာသည် ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်လာခဲ့သည်။ သူ့မျက်လုံးများသည် မတုန်မလှုပ်ဖြစ်နေပြီး ရေတွင်းဟောင်းတစ်ခုလို ငြိမ်သက်နေသည်။

ရှောင်းယိုနဥ်က ထွက်သွားခဲ့ပေမယ့် လီမိသားစုရဲ့ အကြင်လင်မယားနှစ်ယောက်ကတော့ ဘုရားကျောင်းထဲမှာပဲ ရှိနေသေးသည်။

လီသခင်ကြီးက သခင်မကြီးယဲ့ကို တွေ့ရန် တောင်းဆိုနေခဲ့ပြီး အချိန်အတော်ကြာပြီးနောက်တွင်ပင် သတင်းပို့သူသည် ပြန်မလာသေးပေ။ သူတို့ အပြင်ဘက် ခြံဝင်းထဲမှာပဲ စောင့်နေရပြီး နေကလည်း တောက်လောင်နေတော့ သူ့နဖူးမှ ချွေးတွေပင် စီးကျနေသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now