အခန်း ၂၈ အပိုင်း ၁
ယဲ့ရှန်းက စိတ်ရှုပ်ထွေးသွားပြီး သူ့မျက်ခုံးများကို ပင့်လိုက်မိသည်။
သူက ပြင်ပလူတစ်ယောက်ကို ပထမဆုံးအကြိမ် လက်ဆောင်ပေးခဲ့ခြင်းဖြစ်သော်လည်း သူမက မနှစ်သက်ခဲ့ပေ။
ရှုပ်ထွေးသော ခံစားချက်ကို ခံစားနေရသူမှာ ယဲ့ရှန်း တစ်ဦးတည်း မဟုတ်ဘဲ ယွမ်ကော်မှ တိုက်ရိုက်မေးမြန်းခံရသော လျိုဆန်းမှာလည်း ရှုပ်ထွေးသော ခံစားချက်မျိုး ရှိနေသည်။ ကျန့်ယင်က ဒေါသအရမ်းထွက်နေပြီး ထိုအတားအဆီးမရှိသော အစေခံမိန်းကလေး၏ပါးစပ်ကို ပိတ်ပေးချင်နေသည်။
သူရဲ့ ပဉ္စမသခင်လေး ပိုင်တဲ့အရာအားလုံးက ပထမတန်းစားတွေလေ... ဘာတဲ့ ..သရဲခြောက်တဲ့အိမ်????...မြည်းလိုလူတွေ.....
ခဏတာ အဆင်မပြေဖြစ်သွားသော်လည်း လူမှုဆက်ဆံရေးနယ်ပယ်တွင် ကျင့်သားရနေသူ လျိုဆန်းက လေထုကို ဖြေလျှော့ပေးလိုက်သည်။
"မိန်းကလေးက ဘယ်လိုထင်လို့လဲ၊ အိမ်က ပထမတန်းစားပါ။ ဖုန်းရွှေလဲ ကောင်းတယ်၊ စျေးက ဘာလို့လဲဆိုတော့ ပိုင်ရှင်က ကံကြမ္မာရှိတဲ့သူကိုပဲ ရောင်းချင်တာဆိုတော့ ဈေးကနည်းနေတာ"
လျိုဆန်း စကားပြောနေသည့်အချိန်အတွင်း သူ့မျက်လုံးများက လှုပ်ရှားနေပြီး တချက်တချက် ယဲ့ရှန်းကို စိုက်ကြည့်မိသည်။ သူ့နဖူးက ချွေးတွေ တကိုယ်လုံးကို စီးကျနေသည်။
သူပြောတာ မမှားဘူးမလား?
ယဲ့ပဉ္စမသခင်လေးက မိန်းမပျိုလေးတစ်ယောက်ကို အိမ်တစ်လုံး တိတ်တဆိတ် လက်ဆောင် ပေးခဲ့သည်၊ ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ၊ ဒါက ကံကြမ္မာပဲ မဟုတ်လား။
အခြားတစ်ဖက်တွင် ယွမ်ကော်က အေးစက်စွာ ဆူပူနေပြီး "ရှင့်ရဲ့ပါးစပ်က လှည့်စားတတ်တာပဲ သရဲတစ္ဆေတွေကိုတောင် လှည့်စားလို့ရနိုင်လောက်တယ်!"
ယဲ့ရှန်းက ရှောင်းယိုနဥ်က သဘောတူသလို ခေါင်းညိတ်တာကို မြင်လိုက်ရပြီး သူ့မျက်လုံးတွေကို မသိလိုက်ဘဲ ကျဥ်းမြောင်းသွားသည်။

ESTÁS LEYENDO
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...