အခန်း ၂၅ အပိုင်း ၁
သူ့မှာ ဒီလို အိမ်ဝန်းမျိုး ရှိသေးတာလား။
ကြားခံညှိနှိုင်းပေးသူက ရှောင်းယိုနဥ်ကြောင့် ခေတ္တ စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူ့ဦးနှောက်က အချိန်အတော်ကြာအောင် နားမလည်နိုင်ဖြစ်နေပြီး ပါးစပ်က တုံးအတဲ့ငန်းတစ်ကောင်လို ပွင့်နေသည်။
ရှောင်းယိုနဥ်က ထီးမပါသော နေရောင်အောက်တွင် ရပ်နေသည်။ သူမ စိတ်တွေ အရမ်းပူနေတော့ သူမတစ်ကိုယ်လုံးလည်း ပူထူနေပြီး သတိမထားမိဘဲ သူမ မျက်နှာက နီရဲနေသည်။
"ဟုတ်တယ်၊ အလားတူ အိမ်ဝန်း... ဒီတစ်ခုနဲ့ ဆင်တူတဲ့ အိမ်ဝန်း!"
သူမက သူမစကားကို ညှိနှိုင်းပေးသူ ဘက်မှ နားမလည်နိုင်မည်ကို ကြောက်ရွံ့နေသဖြင့် သူမ၏ ရည်ရွယ်ချက်ကို အသံထပ်မြင့်ကာ ဖွင့်ဟခဲ့သည်။
မိန်းကလေး၏ ချိုမြိန်သော အသံက အနည်းငယ် ကြမ်းတမ်းလာပြီး ကြားခံ ညှိနှိုင်းပေးသူသည် သူ့အာရုံများ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူက သူမကို ကြိမ်ဖန်များစွာ မျက်တောင်ခတ်ကြည့်လိုက်ပြီး နောက်ဆုံးမှာ "အင်း...အင်း..." လို့ ပြောလိုက်သည်။
ထို စကားကြောင့် ယဲ့ရှန်း၏ မျက်ခုံးမွေး အနည်းငယ် ပင့်တက်လာပြီး သူ၏ နက်မှောင်သော မျက်လုံးများက အေးစက်သော အလင်းရောင်ဖြင့် လင်းလက်သွားသည်။
သူမက အရှုံးမပေးသေးဘဲ တရားကျင့်ကြံအားထုတ်ဖို့နေရာကို ဆက်လက် ရှာဖွေချင်နေတာလား။
"ရှောင်းသခင်မလေး၊ မင်းအဖေက မင်းကို မင်းအဖေက ပေးထားတဲ့အိမ်တွေက ကျင့်ကြံအားထုတ်သူတွေအတွက် သီးသန့်ဆောက်ထားတဲ့ အိမ်ကြီးတွေ မဟုတ်ဘူးလား"
ညှိနှိုင်းပေးသူက ဘာမှ မပြောခဲ့ပေမယ့် ယဲ့ရှန်းက သူမကို ထောက်ပြနေသည်။
ရှောင်းယိုနဥ်က ထိတ်လန့်သွားပြီး သူမရဲ့ နှလုံးခုန်သံကိုတောင် ခဏတာ ပြင်းပြင်းထန်ထန် ကြားလိုက်ရသည်။
ငါက တရားကျင့်ကြံအားထုတ်နိုင်တဲ့နေရာကို ရှာနေမှန်း သူ သဘောပေါက်သွားတာလား။

KAMU SEDANG MEMBACA
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Fiksi SejarahMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...