အခန်း ၃၆ အပိုင်း ၂
"ကျန်း ရဲ့ညီမလေးက ပိုပြီး စိတ်ရှုပ်ဖို့ကောင်းလာတယ်။ သူကိုယ်သူ အဲ့ဒီနံစော်နေတဲ့ အရာတွေနဲ့ ဝန်းရံထားစေတယ်" ဧကရာဇ်မင်းက ထိုကဲ့သို့ ခြေလှမ်းလှမ်းနေဆဲဖြစ်သော အကြီးဆုံးမင်းသမီးအား လှောင်ပြောင်နေသည်။
ထိုနေ့တွင် သူပြောသင့်သမျှကို သူ ပြောခဲ့ပြီးပြီဖြစ်သော်လည်း သူမက အာရုံမဝင်ခဲ့ပေ။
သူ့ဘေးနားက မိန်းမစိုးအကြီးအကဲက အကြီးဆုံးမင်းသမီး ဝှက်ထားတဲ့ လျှို့ဝှက်ချက်ကို သတင်းပို့နေသည်။ "အကြီးဆုံးမင်းသမီးက စတုတ္ထအဆင့်မင်းသမီး ဟွေ့ကျင့် ကြိုးဆွဲချဖို့ ကြိုးစားတဲ့အတွက် သနားကြင်နာသွားတာကြောင့်ပါ။ စတုတ္ထအဆင့်မင်းသမီး ဟွေ့ကျင့်က သူ(မ)ရဲ့ တစ်ဦးတည်းသော အဖိုးတန်သမီးလေးပါ။"
အဲ့ဒါကိုကြားတော့ ဧကရာဇ်ရဲ့ မျက်နှာက ပိုဆိုးလာသည်။
ဒါက ဘယ်လို တော်ဝင်မင်းသမီးမျိုးလဲ။ တော်ဝင်မိသားစုကို အရှက်ကွဲစေခဲ့သည်။
"ဒီလိုမျိုး မိသားစုအရေးကိစ္စတွေကို သည်းမခံနိုင်ဘူးလို့ ဧကရီကို သွားလျောက်တင်လိုက်" အမိန့်ပေးပြီးနောက် သူက ယဲ့ရှန်း အရင်က ခွင့်ပြုမိန့်လာတောင်းတာကို စဉ်းစားမိပြီး "ရှောင်းမိသားစုရဲ့ မိန်းမပျိုကို နန်းတော်ကို ဖိတ်ခေါ်ပြီး ဧည့်သည်အနေနဲ့ သပ်သပ်ရပ်ရပ် လက်ခံခိုင်းလိုက်ပါ" လို့ ထပ်ပြောလိုက်သည်။
တာဝန်ခံမိန်းမစိုးက ဧကရာဇ်မင်းမြတ်၏ လူယုံတော်တစ်ဦးဖြစ်သည်။ ဧကရာဇ်က ဘယ်သူကို မျက်နှာသာပေးတယ်ဆိုတာ ရှင်းနေတာပါပဲ။ ဧကရာဇ်မင်း စိတ်ထဲမှာ ယဲ့ရှန်းသာ ရှိနေတာကို သိတာမို့ သက်ပြင်းသာချနိုင်ခဲ့သည်။
ဒါပေမယ့် အဲဒါကို ပြန်တွေးကြည့်တော့လဲ ဖြစ်သင့်တာပဲ မဟုတ်လား?
ယဲ့ရှန်းက ငယ်စဥ်ကတည်းက ဧကရာဇ်မင်း၏ရှေ့မှောက်တွင် ကြီးပြင်းလာခဲ့ပြီး ဧကရာဇ်မင်းက သူ့ကို သားတော်အဖြစ် မှတ်ယူထားပြီးဖြစ်သည်။ အိမ်ရှေ့စံ မှလွဲ၍ ကျန်မင်းသားအားလုံးက ယဲ့ရှန်း နံဘေးတွင်သာ ရပ်နေနိုင်ကြသည်။

ВЫ ЧИТАЕТЕ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Исторические романыMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...