Ch -54.2

1.8K 201 7
                                    

အခန်း ၅၄ အပိုင်း ၂

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မျက်နှာလွှဲကာ ငြိမ်သက်သွားကြသည်။ အချိန်အတော်ကြာပြီးနောက် အချင်းချင်း မတ်တပ်ရပ်ရန် ကူညီပေးခဲ့ကြသည်။

သူက သူမလက်ကို ညှစ်ထားပြီး မကျေမနပ်လေသံနဲ့ ပြောလိုက်သည်။ "နောက်တခါ မင်းပါးစပ်ထဲကို အဆိပ်ရှိတဲ့တစ်ခုခု ထပ်သွင်းရင် မင်းကို ကိုယ် ခွင့်လွှတ်ဖို့က လွယ်မှာ မဟုတ်တော့ဘူး"

သူမ ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ နှလုံးသားမှ ချိုမြိန်မှုတစ်ခု ထွက်လာသည်။ "အဲ့ဒါက အဆိပ်ရှိမှန်းသိပေမယ့် ရှင် ကျွန်မကို နမ်းတယ်လား"

သူက ပြန်လှည့်လာပြီး သူမကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများက တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ သူမ၏ရောင်ရမ်းနေသော နှုတ်ခမ်းရဲရဲလေးများပေါ်တွင် ရှိနေသည်။ သူမ ကြောက်လန့်ပြီး နှုတ်ခမ်းကို လက်ဖြင့် အုပ်လိုက်သည်။

ပဉ္စမသခင်က အကျင့်ပျက်သွားတဲ့အခါ တကယ်ကြောက်စရာကောင်းတယ်။

သူ လူတွေကို အပြစ်ပေးတဲ့အခါ ဒီလိုပဲလား။

ရှောင်းယိုနဥ်က သူမပါးစပ်ကို အုပ်ထားပြီး ဒါကိုတွေးနေရင်းနဲ့ တိတ်တိတ်လေး ပြုံးလိုက်သည်။ ဒီလို ပြစ်ဒဏ်မျိုးကို သူမ သဘောကျသည်။

သူက ပို၍ပို၍ ထိန်းချုပ်မှု ကင်းမဲ့လာသည်။

နှစ်ယောက်သား လက်တွဲပြီး စင်္ကြံတစ်လျှောက် လျှောက်လာကြသည်။ တစ်လမ်းလုံး စကားတစ်ခွန်းမှ မပြောကြပေမယ့် သူတို့ ခြေလှမ်းတွေထက် ပိုပြီး နွေးထွေးနိုင်တာ ဘာမှ မရှိနိုင်တော့ဘူး။

လီမိသားစုက ရှောင်းယိုနဥ်အိမ်မှ ထွက်လာပြီး လက်ထောက်ဝန်ကြီးလီက အိမ်သို့ တိုက်ရိုက်မပြန်ဘဲ လီသခင်မကို ယဲ့အိမ်တော်သို့ ခေါ်ဆောင်သွားခဲ့သည်။

လီသခင်မက ဂုဏ်သိက္ခာကို ဆုံးရှုံးစေခဲ့ပြီး အပြစ်ပေးခံရမည်ပင်။ ရထားလုံးပေါ်၌ သူမ အလွန်ဒေါသထွက်နေကာ မျက်လုံးများ မှေးမှိန်သွားပြီး ဒေါသပင် ဆက်မထွက်နိုင်တော့ပေ။ ရထားလုံးရပ်သည့်နေရာက ယဲ့မိသားစုအိမ်တော်ဖြစ်သည်ကို သူမ မြင်သောအခါ သူမကို မိုးကြိုးထိမှန်သလို ထိတ်လန့်သွားသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now