အခန်း ၂၁ အပိုင်း ၂
"မဟုတ်ဘူး၊ မနေ့ညက အရှင်မင်းမြတ် အိပ်ငိုက်နေတာလို့ ကျွန်တော်မျိုးက သခင်လေးကို ပြောပြနေတာ" ဖူသယ်က ချက်ချင်းပြန်ဖြေလိုက်သည်။
ယဲ့ရှန်းက တရားဝင်ရာထူးမရှိဘဲ နန်းတော်ထဲမှာ အထူးတည်ရှိနေသူဖြစ်သည်။ လူတွေက သူ့ကို သခင်လေးလို့ ခေါ်လေ့ရှိသည်။
ဧကရာဇ်က "မင်း ကျန်းရှေ့မှာ ကျန်းအကြောင်းကို ညည်းညူပြောဆိုနေတာလား"
ယဲ့ရှန်းက ထိုစကားများကို ကြားသောအခါ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားခဲ့သည်။ သူက ဧကရာဇ်မင်းထံ ချဉ်းကပ်သွားပြီး "အရှင်မင်းမြတ်က အရှင်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ရပါမယ်။ အိပ်ခါနီးတဲ့အခါ နွားနို့သောက်ရမယ်။ သမားတော်တွေရဲ့ အပြောအရ နွားနို့က အိပ်ရေးဝအောင် ကူညီပေးနိုင်ပါတယ်။ တော်ဝင်မီးဖိုချောင်မှာ လုပ်ထားတာထက် အရသာပိုကောင်းအောင် လုပ်နိုင်မယ့် မိန်းမစိုးအသစ်တစ်ယောက်ရှိတယ်"
မိန်းမစိုးအသစ်က ကန်ထုတ်ခံခဲ့ရသော ဖူသယ် ၏မွေးစားသား မိန်းမစိုးလေး ဖြစ်သည်။
သူစကားပြောနေစဉ် ဖူသယ်က ပြုံးပြီး ဤကျေးဇူးကို မှတ်တမ်းတင်ခဲ့သည်။
"ကျန်းက အဲ့တာတွေသောက်ရတာကို မကြိုက်ဘူး။ ဒါပေမယ့် အခု မင်းပြောတာဆိုတော့ ကျန်း စမ်းကြည့်နိုင်တယ်" ဧကရာဇ်က အကြံဉာဏ်ကို နားထောင်လိုစိတ် မရှိသလောက် နည်းပါးနေပြီး သူရဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေသည့် အကြောင်းများကို ဆက်လက် ပြောဆိုနေခဲ့သည်။ "တထုံက ကျန်းကို စိတ်ဆိုးစေတယ်။ မင်းရောပဲ ကောင်လေး။ တထုံမှာ တစ်ခုခုဖြစ်သွားတာတောင် မင်း အဲဒီအကြောင်းကို ဘယ်တော့မှ မမေးဘူး။ ဖြစ်နိုင်တာက...... မင်း သံသယတွေကို ရှောင်ဖို့ ကြိုးစားနေတုန်းလား။ မင်းအစ်မအကြီးဆုံးမိသားစုနဲ့ ရှောင်းမိသားစုက အဆက်အသွယ် ဖြတ်ခဲ့တာ မဟုတ်ဘူးလား။ မင်း သံသယတွေကို ရှောင်နေဖို့ မလိုပါဘူး"
"အရှင်မင်းကြီး အမိန့်တော် အတိုင်းပါဘုရား"
ဧကရာဇ်က စကားရှည်ရှည်ပြောသော်လည်း သူက ဝါကျတိုတိုတစ်ကြောင်းနဲ့ ဧကရာဇ်က သူ့ကို ပြန်ကြည့်အောင်လုပ်နိုင်သည်။ ဧကရာဇ်က ရယ်မောလိုက်သည်။ "ကောင်လေး၊ ငါ မင်းကို အမိန့်မပေးရင် မင်းက မဝေခွဲတက်တော့ဘူးပေါ့လေ။ မင်းက ညီလာခံကလူတွေရှေ့မှာ ဘာလုပ်ချင်နေတာလဲ။ သတိထားနေ..... မဟုတ်ရင် ကျန်း မင်းကို ကန်မိလိမ့်မယ်!"

ВЫ ЧИТАЕТЕ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Исторические романыMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...