အခန်း ၅၉ အပိုင်း ၂
ရှောင်းယိုနဥ်က သူမကို ခေါ်ဆောင်သွားသော ယဲ့သခင်မကြီး၏ဘေးမှ ထိုင်ခုံနေရာတွင် နေရာချထားပေးခံရသည်။ ပုံမှန်ဆိုလျှင် အဓိကစားပွဲက သက်ကြီးရွယ်အိုများအတွက်ဖြစ်ပြီး သူမက ငယ်ရွယ်သော မိန်းကလေးတစ်ဦးသာဖြစ်သည်။ သူမက အိမ်ထောင်ကျခဲ့ဖူးသော်လည်း၊ ဤအရာသည် သာမန်ကျင့်ဝတ်များနှင့် ကိုက်ညီပုံ မပေါ်ပေ။
တစ်ခုခုလွဲချော်နေပြီလို့ သခင်မကြီးတွေအားလုံး ခံစားနေကြရသည်။
ယဲ့မိသားစုက မှူးမတ်အိမ်တော်နှင့်ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ချင်သည်မှာ မှန်သော်လည်း၊ ငယ်ရွယ်သော ရှောင်းယိုနဥ်ကို ပင်မစားပွဲ၌ ထိုင်ခွင့်မပြုသင့်ပေ။ အဓိက အကြောင်းရင်းကတော့ သူတို့မှာ ဘာတူညီမှုမှ မရှိလျှင် သူ့ကိုကို အကြီးအကဲတွေ အားလုံးက မေးခွန်းထုတ်ကြလိမ့်မည်။
ဆိုရိုးစကားအတိုင်း ကြက်ခေါင်းက ဖီးနစ်အမြီးထက်တော့ ပိုကောင်းနေသေးသည်။ ရှောင်းယိုနဥ်က ထိုစားပွဲဆီသို့ လျှောက်သွားခဲ့ရာ လူတိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး အခြားမိန်းကလေးများအားလုံးက သူမအား ချီးမွမ်းကြလေသည်။ အဲ့နေရာက ပိုအဆင်ပြေတယ်လေ။
ယဲ့သခင်မကြီးက ဤအမှန်တရားကို နားလည်ခဲ့သည်။
သို့သော် အခြားသူများသည် ရှောင်းယိုနဥ်ကို စိုက်ကြည့်ကာ မသေချာသော အတွေးများ ရှိနေသည်။ ယဲ့ရှန်းကို သူတို့ မစဉ်းစားမိကြဘဲ ယဲ့မိသားစုရဲ့ ဒုတိယအိမ်တော်ခွဲတွင် ရှုသခင်လေးတစ်ယောက်ရှိနေဆဲဖြစ်ပြီး ထိုသခင်လေးတွင် လက်မထပ်ရသေးသော သားတစ်ယောက်ရှိနေသည်ဆိုတာကို တွေးလိုက်မိကြသည်... ရှောင်းယိုနဥ်က ယဲ့မိသားစုထဲကို ပြန်ဝင်ချင်နေတာလား။
ဒါပေမယ့် ဒီလိုမျိုးဆိုရင်တော့ ပြောစရာဖြစ်နေပြီပင်။ ရှောင်းယိုနဥ်က လီချင်ကျစ်၏မိသားစုဝင်ဟောင်းဖြစ်ပြီး၊ သူက သခင်မကြီး၏မြေးဖြစ်သည်။
သခင်မကြီးများအားလုံးက အတွေးများဖြင့် ပြည့်နှက်နေသော်လည်း အဖြေကို ရှာမရပေ။

KAMU SEDANG MEMBACA
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Fiksi SejarahMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...