အခန်း ၄၅ အပိုင်း ၁
ယဲ့ရှန်းက လမ်းပေါ်တွင် ကြုံတွေ့ရမည့်အရာများကို ရှောင်းယိုနဥ်အား ယခင်ထဲက သတိပေးခဲ့ပြီး သူမ ထိုအကြောင်းကို တွေးတော မနေခဲ့ပေ။ သူမ စိတ်ထဲတွင် မသက်မသာ ခံစားရပြီး ရှုပ်ယှက်ခတ်နေသော လူအုပ်ကြီးကို ဘဝင်မကျစွာ စိုက်ကြည့်နေသည်။
စခန်းကို လွယ်လွယ်ကူကူ ထူထောင်ပြီးနောက် အစောင့်များကို အုပ်စုသုံးစုခွဲခဲ့သည်။ အုပ်စုတစ်စုက ကုန်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးရမည်ဖြစ်ပြီး ဒုတိယအုပ်စုက ညစာအတွက် ပြင်ဆင်ရန် အိုးတစ်လုံးဖြင့် စတင်ပြင်ဆင်နေကာ တတိယအုပ်စုက အနီးတစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုနေကြသည်။
"မင်း ဘာတွေတွေးနေတာလဲ အခုနထဲက မျက်မှောင်ကြုတ်နေတယ်" ယဲ့ရှန်းက လူအနည်းငယ်နှင့် ဆွေးနွေးနေခဲ့သည်။ သူတို့ ထွက်ခွာသွားသောအခါတွင် သူ့အကြည့်များက သူမအပေါ် ကျရောက်လာသည်။
ရှောင်းယိုနဥ်က လန့်ဖျပ်သွားပြီး အတွေးတွေကနေ ရုန်းထွက်လိုက်သည်။ နောက်ဆုံးတွင် သူမက စခန်းကို အာရုံစိုက်ခဲ့သည်။
မီးခိုးတွေ တက်လာပြီး အနံ့က အဖွဲ့ထဲကို ရောထွေးလာတာကိုတောင် သူမ သတိမထားမိလိုက်ဘူး။ ငှက်ကလေးတွေ ကောင်းကင်မှာ အော်ဟစ်မြည်ကြွေးရင်း အိမ်ပြန်နေကြတာကလွဲလို့ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။
သူမ အသက်ပြင်းပြင်းရှူပြီး သူ့ကို ပြုံးပြလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ဒါပေမယ့် နည်းနည်းတော့ စိတ်ပူနေတယ်။ ဒါပေမယ့် ဒီမှာ ရှင်ရှိနေတယ်လေ ကျွန်မ စိတ်ပူစရာ မလိုပါဘူး"
မိုးကုပ်စက်ဝိုင်းပေါ်မှ တိမ်နီများက သူမ မျက်လုံးကို အရောင်ဟပ်နေတာမို့ မက်မွန်ပွင့်ပုံ မျက်လုံးများကို မှုန်ဝါးသွားစေခဲ့သည်။
ယဲ့ရှန်း၏ လက်ချောင်းများက သူမ၏ မျက်လုံးထောင့်ကို လှမ်းထိလိုက်သည်။ "စိတ်မပူပါနဲ့၊ ကိုယ်က အရာအားလုံးကို ကောင်းကောင်းပြင်ဆင်ထားပြီးပါပြီ"
အားလုံးအဆင်ပြေသွားရင်တော့ အံ့သြစရာတစ်ခုတော့ ရှိကောင်းရှိနိုင်သည်။

ESTÁS LEYENDO
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Ficción históricaMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...