အခန်း ၂၃ အပိုင်း ၁
ရှောင်းယိုနဥ်က ရုတ်တရက် ဘာလို့ အစေခံတွေကို ဆုချနေတာလဲ။ ပြီးတော့ သူမ ပေးတာ နည်းနည်းလေးမဟုတ်ဘူးလေ။
'သေးငယ်သောပမာဏ' လို့ ပြောလို့ ဘယ်ဖြစ်မလဲ။ အဲ့တာက သာမန်လူငါးယောက်အတွက် နှစ်ဝတ်လောက်သုံးဖို့ လုံလောက်နေသည်။
အိမ်မှာ အစေခံဒါဇင်နဲ့ချီပြီးရှိနေသည်။ ရှောင်းယိုနဥ်က ရူးနေတာလား။
ရှောင်းအန်းနဥ်က သူမကြားတာ မှားတယ်လို့ ခံစားမိပေမယ့် အကြီးတန်းအစေခံ ကတော့ အဝေးကို ထွက်သွားခဲ့ပြီ။ သူမ ပြောတာ အမှန်ဖြစ်ကြောင်း သူမ၏ အပြုအမူများက သက်သေပြနေပြီး အဲ့တာက ရှောင်းအန်းနဥ်၏ မာနကို အပိုင်းပိုင်းရိုက်ချိုးလိုက်သလိုပါပဲ။
သို့သော် ရှောင်းအန်းနဥ်က ရှောင်းသခင်မကြီး၏နေရာသို့ မရောက်မှီ ထိုအရာက သူမအတွက် အမှန်တကယ် မွန်းကြပ်စေမည့်အရာ မဟုတ်ကြောင်း နားလည်လိုက်ရသည်။
ဘဏ္ဍာထိန်းက တတိယသခင်မလေးက စားသောက်ဆိုင်မှာ ကြိုတင်စာရင်းပေးထားပြီး ညနေပိုင်းမှာ ဧည့်ခံပွဲကျင်းပမယ်လို့ ရှောင်းသခင်မကြီးကို ပြောပြနေပြီး နေအိမ်ရှိ ကျွန်အားလုံးကို စားသောက်ရန် ဖိတ်ကြားခဲ့ကြောင်းလဲ ပြောပြနေခဲ့သည်။
အဲဒါကိုကြားတော့ ရှောင်းအန်းနဥ်တယောက် လက်တွေတောင် တုန်လာသည်။
"သူမမျက်နှာကို ရောင်လာတဲ့အထိ သူမဘာသာပြန်ရိုက်နေပြီး သူမဂုဏ်သိက္ခာအတွက် ခန်းဝင်ပစ္စည်းအားလုံးကို အလွန်အကျွံ သုံးစွဲနေတာဖြစ်ရမယ်!"
(သူမမျက်နှာကို ရောင်လာတဲ့အထိ သူမဘာသာပြန်ရိုက်နေ- လူအထင်ကြီးဖို့ ပြုမှုတာ)
အဘွားကြီးရှောင်းက တစ်ယောက်တည်း ရေရွတ်နေတဲ့ သူ့မြေးမလေးကို တချက်စိုက်ကြည့်လိုက်ပြီး ဘဏ္ဍာထိန်းကို "ခန်းဝင်ပစ္စည်းတွေ ဒီကို ပို့ပြီးပြီလား"
"မပို့ပါဘူး၊ အဲဒါကို ရမန်ရဲ့ သိုလှောင်ခန်းထဲမှာ ထားခဲ့တယ်လို့ သခင်ကြီးက ပြောတယ်"
သခင်မကြီးရှောင်းက မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှမပြောတော့ပေ။ အစေခံတွေကို ထွက်သွားဖို့ လက်ပြလိုက်သည်။

ВЫ ЧИТАЕТЕ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Исторические романыMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...