အခန်း ၂၁ အပိုင်း ၁
ဟော်မင်ဝူ...
ယဲ့ရှန်းက ရောက်လာတဲ့သူကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် သူက တခြားသူရဲ့ငယ်ရွယ်တဲ့မျက်နှာကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် သူက အကြည့်ကို အမြန်ပြန်လွှဲလိုက်ပြီး ဘာစကားမှမပြောဘဲ လှည့်ထွက်သွားသည်။
ဟော်မင်ဝူကတော့ သူ့ရဲ့ နာမည်ကို ခေါ်တာကို ကြားခဲ့ရပြီး ခေါ်တဲ့သူကို ကြည့်လိုက်တော့ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ပဉ္စမသခင်ယဲ့ကို တွေ့လိုက်ရပြီး သူ့ကို မျက်လုံးတစ်ချက်ဝေ့ကြည့်ပေမယ့် ဘာမှမပြောသွားဘူး။ ထို့နောက် ထပ်မကြည့်တော့ဘဲ သူက ထွက်သွားလေသည်။
ဟော်မင်ဝူက ဘာကြောင့်မှန်းမသိ အကျဉ်းချခံထားသလို ရပ်နေမိပြီး သူကိုပေးသွားသည့် အကြည့်ကို ပို၍ပင် နားမလည်နိုင်ဖြစ်နေသည်။ သူက ထိုနေရာတွင်ပင် ရပ်ကာ မကြာသေးမီက သူ ဒီသွေးအေးလူသားကို စော်ကားမိခဲ့သလားဟု သေသေချာချာ စဉ်းစားနေခဲ့သည်။
ထိုနောက် "... မဖြစ်နိုင်ပါဘူး" ဟု သူ့ဘာသာသူ ညည်းညူလိုက်သည်။
သူ့နောက်မှ တော်ဝင်အစောင့်တပ်ဖွဲ့ဝင် တယောက်က သူ့ကို လှမ်းအော်ခေါ်နေတာမို့ သံသယအပြည့်နဲ့ပဲ အစောင့်တပ်ဖွဲ့ဝင်တွေနဲ့အတူ ထွက်လာခဲ့ရသည်။
တော်ဝင်နန်းတော်ရှိ လူအနည်းငယ်ကသာ ပဉ္စမသခင်အား အမှန်တကယ် နားလည်နိုင်ကြသည်။
ရုတ်တရက် တွေ့လိုက်ရတဲ့ ဟော်မင်ဝူရဲ့ အသွင်အပြင်ကြောင့် ကျန့်ယင် လန့်သွားသည်။ ထွက်သွားတဲ့ သူ့သခင်နောက်ကို လိုက်လာရင်း တိုးတိုးလေးနဲ့ "အခုချိန်မှာ ဘာလို့ သူ့ကိုတွေ့ရတာလဲ။ သေချာတာပေါ့၊ နေ့ခင်းဘက်မှာ အခြားလူတွေအကြောင်း မပြောရဘူး ဆိုတာ ဒါမျိုးဖြစ်မယ်။ ရုတ်တရက်ရောက်လာတော့ လူတွေကို အပြစ်ရှိသလို ခံစားရစေတယ်"
ယဲ့ရှန်းက သူ့ဘေးနားကနေ ထွက်လာတဲ့ တီးတိုးသံကို လျစ်လျူရှုလိုက်ပြီး ရှေ့သို့ အမြန်လျှောက်သွားလိုက်သည်။
နန်းတော်ရှိလမ်းများက မကြာခဏ လေပြင်းများ တိုက်ခတ်နေလေ့ရှိပြီး မည်သည့်နေရာမှ လာသည်ကို မည်သူမျှ မသိပေ။ လေတွေက စုဝေးပြီး ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားလိမ့်မည်။

ВЫ ЧИТАЕТЕ
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Исторические романыMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...