အခန်း ၄၉ အပိုင်း ၂
လီသခင်မက သူမစကားကြောင့် နှလုံးခုန်သံများ မြန်သွားပြီး ကြောက်လန့်တကြားဖြင့် သူ့အမေကို မော့ကြည့်လိုက်သည်။
"ဒါက ချင်ကျစ်ကို အကြီးဆုံးမင်းသမီးရဲ့သမီးနဲ့ လက်ထပ်ဖို့ သဘောမတူတဲ့ အကြောင်းရင်းတစ်ခုပဲ" ယဲ့သခင်မကြီးက သူမ၏လက်များကို သူမ၏အင်္ကျီလက်ဝများအတွင်းထည့်ကာ ဖြည်းညှင်းစွာထရပ်လိုက်သည်။ သူမက ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး စိမ်းလန်းသော အပင်များ အပြည့်ရှိသော ဝင်းကြီးကို လှမ်းကြည့်လိုက်သည်။ "ဒါဆို မင်းကို ထပ်မေးပါရစေ၊ မင်း ချင်ကျစ်ကို အကြီးဆုံး မင်းသမီးရဲ့ သမီးနဲ့ လက်ထပ်ဖို့ တွန်းအားပေးနေအုန်းမှာလား၊ မင်းက အဲ့ဒီလိုဆိုရင် မင်းရဲ့ပဉ္စမမောင်အငယ်ဆုံးနဲ့ ငါက လီမိသားစုနဲ့ပတ်သက်တဲ့ ဘယ်အရာကိုမှ ဂရုမစိုက်တော့ဘူး၊ မင်းကို ယဲ့မိသားစုရဲ့အကြီးဆုံးသမီးအဖြစ် မဆက်ဆံတော့ဘူးဆိုလို့ ငါ ရိုးသားစွာ ပြောနိုင်တယ်"
"အမေ!" လီသခင်မက အလွန်ထိတ်လန့်သွားပြီး မျက်နှာကဖြူဖျော့သွားသည်။
"အမေက ဘယ်လိုဖြစ်တာလဲ? အကြီးဆုံးမင်းသမီးကရော ဘာလုပ်တာလဲ။ အခု ကျွန်မတို့မိသားစုနှစ်စု လက်ထပ်တော့မယ်ဆိုတော့ ဒီကြေကွဲစရာတွေကို လက်မလွှတ်နိုင်ဘူးလား"
အဘွားကြီးယဲ့က သူမသမီး အမှန်တကယ် ပြောချင်တာကို ပိုင်းခြားသိမြင်နိုင်သွားသည်။ သူမက မထီမဲ့မြင်ပြုကာ ရယ်မောရင်း လှည့်ကြည့်လိုက်သည်။
သူမအမေက သူမကိုကြည့်နေတော့ လီသခင်မရဲ့သူမကိုယ်သူမ အပြစ်တင်စိတ်က ပိုပြင်းထန်လာသည်။ သူမလက်တွေတောင် အနည်းငယ်တုန်လာသည်။ ခက်ခဲသောအခြေအနေတွင် သူမရွေးချယ်မှုပင် မပြုလုပ်နိုင်ခဲ့ပေ။
"ငါ့ပစ္စည်းတွေကို ထုပ်ပိုးပြီး ယဲ့အိမ်တော်ကို ပြန်သွားမယ်" အဘွားကြီးယဲ့က အချိန်ခနပင် မစောင့်နိုင်တော့ပေ။
သူမ လီမိသားစုရဲ့အိမ်ကို ရောက်လာတယ်ဆိုကတည်းက သူမသမီးကို နောက်ထပ် အခွင့်အရေးပေးပြီးသားပါ။ သူမက မူလက သားငယ်၏ အိမ်ထောင်ရေး အတွက် ပြင်ဆင်ရန် ရည်ရွယ်ထားသော်လည်း သူမသည် သူတို့၏ မင်္ဂလာပွဲကို စီမံရန် လီမိသားစုသို့ လာခဲ့သည်။ ထို့နောက် သူမက လီမိသားစုမှ ကွာရှင်းထားသော ရှောင်းယိုနဥ်နှင့် သူမသား၏လက်ထပ်ခြင်းကို ထောက်ခံကြောင်း ပြသရန်နှင့် သူမ သားထွေး၏မင်္ဂလာပွဲကို စီမံရန် ယဲ့မိသားစုအိမ်တော်သို့ ပြန်သွားမည်ဖြစ်သည်။ အငယ်ဆုံးသားနှင့်ချွေးမတို့က ခက်ခဲသောကာလများတွင် ခံစားချက် အစစ်အမှန်များ ပေါ်ပေါက်ခဲ့သည်။ သူမက လူထု၏ဝေဖန်မှုကို ခံနိုင်ရည်ရှိမည် ဖြစ်သောကြောင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် သူတို့ကလဲ စိတ်ပူစရာ မလိုပေ။

KAMU SEDANG MEMBACA
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Fiksi SejarahMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...