Ch -17.2

2.1K 219 8
                                    

အခန်း ၁၇ အပိုင်း ၂

လီသခင်မက လီမိသားစုထံပြန်သည့်လမ်းတလျှောက်လုံး ငိုကြွေးနေခဲ့သည်။ လီချင်ကျစ်က ကြိမ်းမောင်းခြင်း မခံရတော့သော်လည်း လီသခင်မက ယခုအချိန်အထိ သူ့ကို ရူးသွပ်စွာ ထုရိုက်နေဆဲဖြစ်သည်။ သူက ဝိညာဉ်မရှိသော ရုပ်သေးရုပ်တစ်ရုပ်နှင့်တူနေပြီး ဆွေးမြေ့နေသော သစ်သားအပိုင်းအစတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပုံပေါ်သည်။

ရထားလုံးပေါ်၌ လီသခင်ကြီးက သူ့ယောက္ခမရဲ့ စကားတွေကို အချိန်အကြာကြီး ပြန်စဥ်းစားနေခဲ့သည်။ အိမ်ပြန်ရောက်တော့ ရထားလုံးပေါ်က ဆင်းဆင်းချင်း ဇနီးဖြစ်သူကို စာကားတစ်ခွန်း ပြောချလိုက်သည်။ "မနက်ဖြန် ခန်းဝင်ပစ္စည်းပြန်သွားပေးဖို့ ရှောင်းမိသားစုရဲ့ ဒုတိယအိမ်တော်ခွဲကို သွားမယ်၊ မင်းက ငါ့နဲ့ လိုက်ခဲ့ရမယ်!"

အခုအချိန်မှာ သူက ယဲ့မိသားစုကို တွန်းလှန်လို့ မရဘူး။ သူ ယဲ့အမျိုးသမီးကိုလက်ထပ်လိုက်ပြီးနောက် သူမရဲ့မိသားစုက ရုတ်တရက် ပြန်လည်မြင့်တက်လာခဲ့သည်ကို သူတွေ့ခဲ့ရသည်။ သူတောင်မှ အမြင့်ကို တက်လှမ်းနိုင်ဖို့ သူတို့ရဲ့ စွမ်းအားတွေကို အမြဲတမ်း မှီခိုအားထားနေရတာကြောင့် သူက ထိုမိသားစုကို ကျေးဇူးတင်နေရသည်။ ယဲ့အမျိုးသမီးက တစ်ခါတစ်ရံ အမှားလုပ်မိတက်ပြီး မိုက်မဲတာကြောင့် သူ သည်းခံခဲ့ရသည်။ ဒါပေမယ့် ရှောင်းယိုနဥ်နဲ့ပတ်သက်တဲ့ကိစ္စကတော့ သူတစ်ယောက်တည်း သည်းခံလိုက်ရုံနဲ့ မပြီးတဲ့ ကိစ္စပါ။

သူပြောတဲ့စကားကို ကြားလိုက်တာနဲ့ ရထားလုံးပေါ်က ငိုကြွေးသံထပ် ထွက်လာသည်။ အစေခံမိန်းကလေးတစ်ယောက်က " သခင်မ အဲ့လိုမဖြစ်ရဘူး" လို့ အော်လိုက်သည်။ လီသခင်မက မနေနိုင်ဘဲ သေခြင်းတရားကို ရှာနေပုံရပြီး လီသခင်ကြီးက ထိုကဲ့သို့ ဝုန်းဒိုင်းပြောင်းဆန်နေတာတွေကို ဂရုမစိုက်ဘဲ အင်္ကျီလက်ဝများကို လှုပ်ခါကာ ထွက်ခွာသွားခဲ့သည်။ သူက ရထားလုံးပေါ်က လူတွေကို လှည့်တောင် မကြည့်တော့ဘူး။

နေမင်းကြီးက အနောက်ဘက်သို့ စောင်းလျက် မကြာမီ ညနေခင်းသို့ ရောက်တော့မည်ဖြစ်သည်။ မိုးကုပ်စက်ဝိုင်းပေါ်ရှိ တိမ်များက ရွှေဖြင့် စီချယ်ထားသလို ကောင်းကင်တွင် ပျံနှံနေကာ ကောင်းကင်အောက်နှင့် မြေပြင်ပေါ်ရှိ အရာအားလုံးသည် နူးညံ့သော အလင်းရောင်ဖြင့် ဖုံးလွှမ်းထားသလို ဖြစ်နေသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now