chapter 160

66 9 0
                                    

Chapter 160
Chapter 160October 22, 2023
(အစ်ကိုရွှမ်နှင့်ယောင်ယောင်တို့ လက်တွဲခြင်း)

လုလင်း က ပြောသည်။

"တစ်ကယ်တော့…မက်ရှဲ မှာ မိန်းမတွေ အများကြီးရှိတယ်... သူတို့ရဲ့ chat group ကို ကြည့်ကြည့်တာ အယောက် 500 ကျော်လောက် ရှိပုံရတယ်…ဒါပေမယ့် ကောင်းတာနှစ်ခုရှိတယ်…တစ်ခုကတော့ သူတို့ အများစုက ပျမ်းမျှတိုက်ခိုက်ရေးစွမ်းအား A အဆင့်ပဲ ရှိတာ…နောက်တစ်ခုကတော့..."

ထိုစကားကို ပြောပြီးနောက်တွင် အစ်ကို လုလင်းသည် ထူးဆန်းစွာ ရပ်လိုက်ပြီး ဆက်မ‌ပြောတော့ပေ။

လင်းယောင်ယောင် စိတ်ဆိုးသွား၏။  မက်ရှဲ သည် သူမ ချစ်သူကို ရာနှင့်ချီသော သူ၏မယားများဖြင့် အနိုင်ကျင့်နေခြင်းဖြစ်သည်။သူမ ချက်ချင်း ပျံသန်းဖို့ မစောင့်နိုင်တော့‌ေပ။ လူတစ်ယောက်က ရာနှင့်ချီ၍ မတိုက်နိုင်ပေ။သူတို့သည် A အဆင့်သာရှိသော်လည်း A အဆင့် အယောက်ငါးရာကို ကိုင်တွယ်ဖို့ဆိုသည်က မလွယ်ကူပေ။

"နောက်ထပ် သတင်းကောင်းက ဘာလဲ"

လုလင်း သည် သူမ မျက်နှာကို အသေအချာ စိုက်ကြည့်ကာ

"သူတို့က ဘော့စ်ကို သတ်ချင်တဲ့ သူတွေချည်းပဲ  မဟုတ်ဘူး…တချို့က သူတို့ချင်း မနာလိုဖြစ်ပြီး အချင်းချင်းသတ်ပစ်ချင်နေကြတာ……တချို့က တခြားတပ်ဖွဲ့က စေလွှတ်ထားတဲ့ လျှို့ဝှက်အေးဂျင့်တွေ ဆိုတော့ စစ်မတိုက်ချင်ကြဘူး… မက်ရှဲ ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူကို မကျေမနပ်ဖြစ်နေကြသူတွေလည်း ရှိကြတယ်…ပြီးတော့ ဘော့စ်ကို ကြိုက်နေကြသူလည်း ပေါတယ်...ဘော့စ်လို ထက်မြက်ပြီး ဖြူစင်တဲ့ လူသား ယောက်ျားကို သူတို့အရမ်းသဘောကျကြတယ်လေ…ဒါကြောင့် သူတို့ကလည်း ဘော့စ်ဘက်က တိုက်ခိုက်ပေးမှာပါ"

လင်းယောင်ယောင်: "..."

မယားများစွာရှိသော်လည်း ဘယ်သူမှ အားကိုးမရသော မက်ရှဲအဖြစ်က ဝမ်းနည်းစရာပင်။ ပထမ သုံးမျိုးက ဘာမှမဟုတ်သော်လည်း နောက်ဆုံးတစ်ဖွဲ့က သူမ၏ ချစ်သူကို ခိုးယူနေကြသည်။သူမ၏ ဒေါသမှာ ရုတ်တရက် ပေါက်ကွဲသွားရကာ လှပသော မျက်နှာကလေးသည် စူပုပ်လျက်ရှိ၏။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးМесто, где живут истории. Откройте их для себя