chapter 166

207 16 0
                                    

Chapter 166
Chapter 166October 26, 2023
(ယောင်ယောင်၏ အိမ်ပြန်ခရီး)

လင်းရွှမ် ပြန်လာခြင်းကြောင့် လင်းယောင်ယောင် သည် စစ်ရေးကိစ္စကို စိတ်ပူစရာမလိုတော့ပေ။ နေ့တိုင်း ဖြည့်စွက်အစာလုပ်ရန်သာ လိုအပ်ပြီး 168 နှင့် လည်း ဆော့ကစားသည်။

168 သည် အခြား ဇာ့ခ်များကို ခြောက်လှန့်ရန် မကြာခဏ ထွက်သွားတိုင်း သူမ စစ်မြေပြင်သို့ ရံဖန်ရံခါ လိုက်သွားသည်။ သို့သော်လည်း လုပ်ငန်းစဉ်တစ်လျှောက်လုံး လင်းရွှမ် ကလည်း စောင့်ရှောက်လျက်ရှိ၏။

တာဇာကြယ်ပွင့်မဟာမိတ်၏ ကျန်ရှိသော တပ်ဖွဲ့များကို မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ နှင့် ဆူးတပ်ဖွဲ့ တို့မှ ပူးပေါင်း ကိုင်တွယ်ဆောင်ရွက်သည်။အရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ် သုံးကောင်အတွက် လင်းရွှမ်က ၎င်းတို့ကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ခဲ့သည်။သို့သော်၊ အရွယ်ရောက်ပြီးသား မက်မွန်သီးရောင်ဇာ့ခ် များ၏ ခန္ဓာကိုယ်က အလွန်ကြီးမားပြီး အရေပြားက ထူထဲနေကာ ခုခံအားကောင်းသည်။ ရှောင်လွှဲ၍မရနိုင်သလို၊ ကိုင်တွယ်ဖြေရှင်းဖို့လည်း မလွယ်ပေ။  သူတို့ဆီက အသားများကို ဖြတ်ဖို့ လုပ်ငန်းစဉ် တော်တော်များများ လိုအပ်သည်။

ထို့အပြင်၊ လင်းရွှမ် သည် တာဇာကြယ်ပွင့်နယ်မြေတွင် ကိစ္စများစွာ ရင်ဆိုင်ခဲ့သည်။ သူသည် တာဇာကြယ်ပွင့်နယ်မြေတွင် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်နေထိုင်ပြီး တာဇာကြယ်ပွင့်နယ်မြေ ကို ဇာ့ခ်မွေးမြူအခြေစိုက်စခန်းအဖြစ် အသွင်ပြောင်းခြင်းအား အပြီးသတ်လုပ်ဆောင်ခဲ့သည်။သန်းပေါင်းများစွာသော တပ်ဖွဲ့ဝင်များအပြင် အစားအသောက် ကုထုံးပညာရှင် အများအပြားကို သာမာန် ဇာ့ခ်များအား ဖြည့်စွက်စာအဖြစ် စီမံဆောင်ရွက်ပေးရန် သူက ခေါ်ခဲ့သည်။ ထို့နောက် တာဇာကြယ်ပွင့်နယ်မြေ ရှိ တပ်ဖွဲ့များအားလုံးထံ ရောင်းချမည်ဖြစ်သည်။

စစ်ပွဲသည် တည်ငြိမ်သောကာလတစ်ခုသို့ ဝင်ရောက်လာသောကြောင့် လင်းယောင်ယောင်သည် အရှင်သခင် အင်ပါယာ၏ စစ်ပညာရေးအကယ်ဒမီ ကျောင်းသားတစ်ဦးအနေဖြင့် တာဇာကြယ်ပွင့်နယ်မြေတွင် အကြာကြီးဆက်မနေနိုင်တော့ပေ။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now