Chapter 170
Chapter 170October 26, 2023
(ဆုပေးပွဲအခမ်းအနား)လင်းရွှမ် ကလည်း ထိုကိစ္စကို မကန့်ကွက်ပေ။ ဗိုလ်ချုပ်ရာထူးကို ရရှိထားသော်လည်း ဤမျှများပြားသော လုပ်ဆောင်ချက်များကို သူ့လက်ထဲတွင် ကိုင်ထားနိုင်ပြီး စစ်ဘက်ရေးရာတွင် အကောင်းဆုံးအရည်အချင်းရှိသည့် အထက်လူကြီးများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရန် သူ့တွင် လုံလောက်သော အရည်အချင်းများ ရှိနေပြီဖြစ်သည်။ သူသည် တော်ဝင်မိသားစုနှင့် နိုင်ငံရေးအာဏာကိုပင် စွက်ဖက်နိုင်ပြီး သူ၏ထင်မြင်ချက်ကို တင်ပြခဲ့သည်- အရှင်သခင်အင်ပါယာ၏ အကြွင်းမဲ့ ဘုရင်စနစ်ကို စည်းမျဉ်းခံဘုရင်စနစ်သို့ ပြုပြင်ပြောင်းလဲရန်။
ဤကိစ္စနှင့် ပတ်သက်၍ စစ်ဌာနချုပ်မှ လူကြီးများ အားလုံးက သူ့ကို အံ့သြစွာ စိုက်ကြည့်နေကြသည်။ ညီလာခံခန်းမရှိ စစ်ဌာနချုပ်သည် လုံးဝတိတ်ဆိတ်သွားသည်။ကြယ်လေးပွင့်တပ်မှူးကြီး လင်းကျန့်ဟိုင် လည်း အပါအဝင်ဖြစ်သည်။ သူ့မြေးဆီက ဤမျှ ရဲရင့်သည့် အကြံအစည်ကို သူ ပထမဆုံးကြားရခြင်းပင်။
သို့သော်လည်း လင်းရွှမ် သည် တော်ဝင်မိသားစုအား မရိုမသေပြမူခြင်းအတွက် မည်သူမျှ ပြစ်တင်ရှုတ်ချခြင်းမရှိပေ။ သို့သော်၊စစ်တပ်မှာ သစ္စာရှိသည့် ဧကရာဇ်ကိုထောက်ခံသမားများ မရှိခြင်းတော့ မဟုတ်။ အရပ်ဖက်အင်အားစုများသည် ဧကရာဇ်မိသားစုအပေါ် လုံးဝသစ္စာစောင့်သိကြသော်လည်း ဧကရာဇ်မိသားစုကို 100% ယုံကြည်မည်မဟုတ်ပေ။ အပြန်အလှန် မှီခိုပြီး အပြန်အလှန် ကာကွယ်ကြသည့် ဆက်ဆံရေးတစ်ခုဖြစ်သည်။
သူရဲကောင်းတပ်ဖွဲ့၏ စစ်ဗိုလ်ချုပ် သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ရှောင်ချင်း သည်ပင် လင်းရွှမ် ကို လေးလေးနက်နက် အသံဖြင့် မေးသည်။
"မင်း ဒီတောင်းဆိုချက်ကို ဧကရာဇ်မိသားစုဝင်တွေ သဘောတူအောင် လုပ်ဖို့ ဘာလို့မကြိုးစားသလဲ"
လင်းရွှမ် သည် မပြင်ဆင်ရသေးသော တိုက်ပွဲများကို တိုက်ခိုက်မည်မဟုတ်။သူ့တွင် တာဇာကြယ်ပွင့်နယ်မြေမှ နောက်ဆုံးပေါ်သိပ္ပံနည်းကျ သုတေသနနည်းပညာ နှင့် အရှင်သခင်အင်ပါယာ၏ ထိပ်တန်း တပ်ဖွဲ့ဝင်များ ရှိသောကြောင့် ဒုတိယမင်းသား ရှောင်မင် သည် တာဇာဧကရာဇ်နှင့် မည်သို့ပူးပေါင်းခဲ့သည်ကို ရှင်းရှင်းလင်းလင်း တွေ့ရှိခဲ့သည်။

DU LIEST GERADE
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romantik💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...