Chapter 165
Chapter 165October 24, 2023ဂျက်စတင် သည် ချက်ချင်းပင် သူ့အဘိုးကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ ဘရမ်၏ အဘိုးဖြစ်သူသည် မည်သည့် ညွှန်ကြားချက်မှ မပေးဘဲ ဟုန်ကျဲယု အား တည်ငြိမ်သော မျက်နှာထားဖြင့် "ဘော့စ်ဟုန် မင်းက ဘာကိုဆိုလိုတာလဲ...မင်း ငါတို့ကို တိုက်ချင်တာလား"
ဝါ့ဒ်မိန်း ၏ မျက်လုံးများက မှုန်ကုပ်နေသော်လည်း စကားတစ်ခွန်းမှ ဝင်မပြောပေ။
ဝေ့လင်း သည် သူ့လက်ထဲရှိ လေဆာဓားကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။
"ဘော့စ်ဟုန် ဘာကို ဆိုလိုတာလဲ"
ဟုန်ကျဲယု : "မစ္စလင်းနဲ့ မစ္စတာလင်းတို့ဟာ လက်မထပ်ရသေးတဲ့ စုံတွဲတွေဖြစ်ပြီး နှစ်ယောက်စလုံးဟာ SSS အဆင့် စွမ်းအားရှင်တွေဖြစ်တာကြောင့် မစ္စ ဟာ ညသိမ်းငှက်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ စွမ်းဆောင်နိုင်စွမ်းရှိပါတယ်... ဒီနေ့ ညှိနှိုင်းမှုတွေက မပြီးသေးပါဘဲနဲ့ တစ်ဝက်တစ်ပျက်ကြီး မထွက်သွားသင့်ဘူးမလား… အဲဒါကို အရင်ရှင်းလိုက်ရအောင်…မစ္စလင်း က အခုလေးတင် တောင်းဆိုထားတဲ့ ကိစ္စကို ငါတို့ရဲ့ တာဇာအစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းက ပထမဆုံးမဲပေးမှာ ဖြစ်ပါတယ်... ဝါ့ဒ်မိန်း နဲ့ ဘရမ်တို့ကရော ဘယ်လိုလဲ"
နောက်တစ်ကြိမ် စေ့စပ်ညှိနှိုင်းရေးကို စောင့်ဆိုင်းပြီး၍ ညှိနှိုင်းသူမှာ လင်းရွှမ်ဖြစ်လာပါက ညသိမ်းငှက်တပ်ဖွဲ့သည် လင်းယောင်ယောင် ထက်ပင် ပိုမိုတောင်းဆိုလာမည်ကို ဟုန်ကျဲယု ကောင်းကောင်းသိသည်။ တစ်ကယ်တော့၊ လက်ရှိတပ်များအရ၊ အရှင်သခင် အင်ပါယာသည် တာဇာကြယ်ပွင့်မဟာမိတ်၏ကျန်တပ်များကို ကိုင်တွယ်နိုင်ပြီး ဇာ့ခ်အားလုံးကို အားစိုက်ထုတ် ထိန်းချုပ်နိုင်ခဲ့သည်။ တာဇာ ပင်မဂြိုလ်ပေါ်ရှိ အရွယ်ရောက်ပြီးသော မက်မွန်သီးရောင်ဇာ့ခ် ၃ ကောင်သည် ကိုင်တွယ်ရန် ပိုမိုလွယ်ကူသည်။ သူတို့နှင့် ညှိနှိုင်းစရာတောင် မလိုပေ။ထို့ကြောင့် ညသိမ်းငှက်တပ်ဖွဲ့မှ စေ့စပ်ညှိနှိုင်းရေးဟုပြောခြင်းက အဓိပ္ပါယ်မရှိပေ။နဂိုကတည်းက သူတို့အတွက်သာ ဖြစ်လေသည်။
YOU ARE READING
ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေး
Romance💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်းယောင်ယောင် သည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့်ဝတ္ထုတွင် သူမနှင့် နာမည်တူနေသည့် အမျိုးသမီး ဇာတ်ပို့ဇ...