အခန်း ၃: ဘဝရုပ်ရှင်ရုံ

6.1K 912 15
                                    

{Unicode}

အခန်း ၃: ဘဝရုပ်ရှင်ရုံ

ဆောင်းရာသီမှာ နေဝင်တာစောလေ့ရှိပေမဲ့ မိုးရွာတဲ့နေ့တွေဆိုရင်တော့ လောကကြီးတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားရစေတယ်။

တစ်ခုတည်းသော အလင်းရောင်က နင်နင်ရဲ့အရှေ့က ရုပ်ရှင်ရုံကနေ ဖြာကျလို့လာနေတယ်။

ရုပ်ရှင်ရုံက နံရံနှစ်ခုရဲ့ကြားမှာ ကျဥ်းမြောင်းစွာ တည်ရှိတယ်။ ရုပ်ရှင်ရုံရဲ့အ‌ရှေ့မှာ လူတစ်ကိုယ်စာ ဝင်နိုင်ရုံလောက်သာ ကျယ်တဲ့ သစ်သားတံခါးနဲ့ တံခါးဝရဲ့ဘေးနှစ်ဖက်မှာ လေပြင်းနဲ့အတူ လှုပ်ယမ်းနေတဲ့ မီးအိမ်ကြိုးတန်းနှစ်ခု ရှိနေတယ်။ 

နံရံပေါ်ကပ်ထားတဲ့ ပိုစတာရဲ့ ရောင်စုံစာလုံးတွေက မှုန်ဝါးလို့နေပြီး ၁၉၇၀ခုနှစ်လောက်ကတည်းက ပိုစတာလို့တောင် ထင်ရတယ်။ မှတ်ဉာဏ်ထဲ စွဲထင်နေလောက်စေမယ့် နေရာမျိုးပဲ။ နင်နင်အသက်ထွက်ခါနီး အချိန်ကျရင် ဒီလမ်းအနီထဲမှာရှိတဲ့ ဘဝရုပ်ရှင်ရုံဆိုတဲ့ နေရာက သူမရဲ့ခေါင်းထဲ ပေါ်လာလောက်တယ်။

နင်နင်ရုပ်ရှင်ရုံထဲ လျှောက်ဝင်သွားဖို့ လုပ်ပေမဲ့ သူမကို တစ်စုံတစ်ယောက်က တားလာတယ်။

အဲ့ဒါက ‌ရှေးခေတ်သိုင်းလောကထဲက ဂိုဏ်းခေါင်းဆောင်လိုမျိုး အဖြူ‌ရောင်သင်တိုင်းဝတ်ရုံ၊ ခါးပတ်အမည်း‌‌‌ရောင်၊ အမည်း‌ရောင်ပိတ်ဖိနပ်ကိုဝတ်ဆင်ထားပြီး မျက်နှာဖုံးအဖြူကိုတပ်ထားတဲ့ လူတစ်ယောက်ဖြစ်တယ်။ မျက်နှာဖုံးအောက်ကနေ ထွက်လာတဲ့ သူ့ရဲ့အသံက လေးနက်ကာ အနည်းငယ်မသဲမကွဲဖြစ်လို့နေတယ်။ "အချိန်မကျသေးဘူး"

"ဒီမှာကြည့်ဦး" နင်နင် သူမရဲ့လက်ဖဝါးကို ပင့်လိုက်ကာ မိုးရေခံပြလိုက်တယ်။ "မိုးဒီလောက်ရွာနေတာ၊ ကျွန်မလက်မှတ်ဝယ်ပြီး အထဲမှာ ထိုင်စောင့်နေလို့ မရဘူးလား?"

သူကခေါင်းပြလာတယ်။

နင်နင်အကြိမ်အနည်းငယ်ထပ်ပြီး တောင်းဆိုကြည့်ပေမဲ့လည်း ထပ်ခါထပ်ခါပဲ အငြင်းခံရတယ်။

ဒီလိုသောက်ကျိုးနည်း နေရာမျိုးနဲ့ အစောင့်မျိုးကလည်း ရှိသေးတယ်! နင်နင်လိုင်းပေါ်တက်ပြီး ဒီနေရာကို bad review ပေးချင်စိတ်တွေ ယားနေတယ်။ သူမပြန်လှည့်ကာ တက္ကစီတစ်စီးခေါ်ဖို့ လမ်းယမ်းလိုက်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now