အခန်း ၁၀၅: ကလဲ့စား

2.4K 489 26
                                    

{Unicode}

အခန်း ၁၀၅: ကလဲ့စား

ဆရာလီက မုအာအဖြစ်နဲ့ကူးပြောင်းလာတုန်းက သူမကိုမိတ်ကပ်ပြင်နည်းတွေ အဝတ်အစားဆင်နည်းတွေ သင်ကြားလေ့ကျင့်ပေးခဲ့တဲ့သူပဲဖြစ်တယ်။

သူနဲ့ပြောဆိုဆက်ဆံပြီးနောက်မှာ သူမသိရှိခဲ့ရတာ သူ့ရဲ့တကယ့်အလုပ်အကိုင်က တော်ရုံမိတ်ကပ်ဆရာမဟုတ်ဘဲ special effect မိတ်ကပ်ဆရာဆိုတာဖြစ်တယ်။ နည်းနည်းလှတဲ့မိန်းကလေးကို များများလှအောင်ပြင်ပေးဖို့ထက်စာရင် အသက်ငယ်ငယ်ယောက်ျားလေးကို အဘိုးကြီးဖြစ်အောင်၊ ယောက်ျားလေးကို မိန်းကလေးဖြစ်အောင်၊ အဘိုးကြီးကို တရုတ်သရဲဖြစ်အောင် ပြင်ပေးရတာတွေကို သူကပိုပြီး စိတ်အားထက်သန်တာဖြစ်တယ်။

အားလပ်ချိန်တွေမှာ သူ့ဆီကနေနည်းလမ်းတစ်ခုကို သူမသင်ကြားလာနိုင်ခဲ့တယ်။

ကောင်းကင်ဘုံရဲ့ဆန္ဒကြောင့်ပဲလားမသိ သူမသင်ခဲ့တဲ့နည်းလမ်းက ဒီနေ့ဒီအချိန်မှာ အချီကြီးအသုံးဝင်လို့နေတယ်။

ကားကဆေးရုံအရှေ့မှာရပ်သွားတယ်။

ဒီရက်ပိုင်းနှင်းတွေကျလို့ လူတွေပိုဖျားလာကြတာလားမသိပေမဲ့ ဆေးရုံမှာလူတွေ ကျိတ်ကျိတ်တိုးလို့နေတယ်။ လူနာတွေနဲ့မိသားစုဝင်တွေက ဆေးရုံထဲမှာဟိုဟိုဒီဒီ ပျားပန်းခတ်နေကြတယ်။

ဒါပေမဲ့အဲ့ဒီလူတွေကြားထဲမှာ လူနာနဲ့လည်းမတူ လူနာမိသားစုဝင်နဲ့လည်းမတူဘဲ တွေ့သမျှလူတိုင်းကို လိုက်စိုက်ကြည့်နေတဲ့လူနှစ်ယောက်က ဆေးရုံအဝင်ဝမှာရပ်လို့နေတယ်။

"မလှုပ်နဲ့" နင်နင်သူမလက်ထဲကနှုတ်ခမ်းနီတောင့်ကို လှည့်လိုက်တယ်။ "ဒါနောက်ဆုံးအပိုင်းပဲ"

ကားတံခါးပွင့်လာခဲ့တယ်။ ဝမ်ယွီအရင်ဆင်းပြီး ယွီရှန်းကိုဆေးရုံထဲသယ်ဝင်သွားတယ်။

မုကွားသူ့အနောက်နေလိုက်သွားတော့မယ့်အချိန်မှာ လက်တစ်ဖက်ကသူ့ကိုပြန်ဆွဲလာတယ်။ နင်နင်သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ အော်ပြောလိုက်တယ်။ "ပိန်းနေတာလား? သူတို့သတိထားမိသွားရင် ဘယ်လိုလုပ်မလဲ? မြန်မြန်ပြန်ထိုင်ချ!"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now