အခန်း ၁၆၂: စားပွဲသုံးဓား

1.9K 380 16
                                    

{Unicode}

အခန်း ၁၆၂: စားပွဲသုံးဓား

နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်မှာ ပုံမှန်တွေ့နေကျလူနာဖြစ်ဖြစ် လူနာအသစ်ဖြစ်ဖြစ် မျက်နှာချင်းဆိုင်းတွေ့ကြဖို့သာ ဝမ်ယွီခိုင်ခိုင်မာမာ တောင်းဆိုလေ့ရှိတယ်။

"ကျွန်တော်နေတာနည်းနည်းဝေးလို့၊ ဒီနေ့အဆင်မပြေလောက်ဘူး"

"ဒါဆိုနောက်တစ်ခေါက် အဆင်ပြေတဲ့အချိန် ရက်ချိန်းပြန်ယူထားလိုက်ပါ"

ဝမ်ယွီဖုန်းချပြီး‌နောက်မှာ သူနဲ့မျက်နှာချင်းဆိုင် ထမင်းစားစားပွဲရဲ့ တစ်ဖက်ခြမ်းမှာ ထိုင်နေတဲ့ ဧည့်သည်ကိုကြည့်လိုက်တယ်။

နည်းပညာတိုးတက်လာမှုကြောင့် မိုင်ထောင်ပေါင်းများစွာ အဝေးကနေတောင် ဆက်သွယ်တွေ့ဆုံလို့ ရနေပြီဆိုပေမဲ့ သူကတော့မျက်နှာချင်းဆိုင်ပဲ တွေ့ချင်နေရတဲ့ အကြောင်းရင်းက တစ်ဖက်လူရဲ့ သေးငယ်တဲ့ လှုပ်ရှားမှုတွေ၊ မျက်နှာအမူအရာတွေကို အသေးစိတ်ကြည့်ရလို့ပဲဖြစ်တယ်။

ထုတ်ပြောလို့မရတဲ့ စကားလုံးတွေ။

ဆယ်မိနစ်အတွင်းမှာ နင်နင်က လက်ဖက်ရည်သုံးခွက် သောက်ပြီးသွားပြီဖြစ်တယ်။ လက်ဖက်ရည်ကရားအလွတ်ကို ပြန်ယူသွားပြီး နောက်ထပ်ကရားအသစ် ထပ်ချပေးဖို့ ဝမ်ယွီ စားပွဲထိုးကိုခေါ်လိုက်တယ်။ သူ သူမအတွက် လက်ဖက်ရည်ငှဲ့ပေးရင်း ပြုံးလိုက်တယ်။ "အများကြီးရေဆာနေတာလား?"

"ဟမ်... နည်းနည်း" နင်နင် မျက်နှာပူပူနဲ့ လက်ဖက်ရည်ခွက်ကို မြှင့်ကိုင်လာတယ်။

သူမရေဆာနေတာမဟုတ်ဘဲ သူ့ကိုတစ်ခုခုမေးဖို့ ပြင်ဆင်နေတာဖြစ်တယ်။

"ကိစ္စတစ်ခုခုရှိလို့လား?" ဝမ်ယွီက တွန့်ဆုတ်နေတဲ့သူမကိုမြင်တာကြောင့် အရင်စမေးလိုက်တယ်။

သူမက ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လာတယ်။ ထိုအကြည့်က ဝမ်ယွီရဲ့မျက်စိအောက်ကနေ မလွတ်သွားပါချေ။ သူ သူမရဲ့ဘေးကို ကြည့်လိုက်တယ်။ "အစ်ကို၊ သောက်စရာတစ်ခုခုလိုသေးလား?"

"...သူဒီနေ့မပါလာဘူး" နင်နင်အသံနိမ့်နိမ့်နဲ့ ပြောလာတယ်။ "ကျွန်မရှင့်ကို သီးသန့်ပြောချင်တာရှိလို့"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now