အခန်း ၅: ဇာတ်လိုက်မင်းသားနဲ့မင်းသမီး

5.5K 739 22
                                    

{Unicode}

အခန်း ၅: ဇာတ်လိုက်မင်းသားနဲ့မင်းသမီး

အခုလောလောဆယ် နင်နင်ရဲ့ခံစားချက်တွေ အရမ်းကို ရှုပ်ထွေးလို့နေတယ်။ သူမ မကူးပြောင်းလာခင် နောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ရဲ့နာမည်က <ငါကအလှလေး> ဖြစ်တယ်။ အခုကူးပြောင်းလာပြီး ပထမဆုံးသရုပ်ဆောင်ရမယ့် အခြေအနေကလည်း <ငါကအလှလေး> ရုပ်ရှင်လို့ ခေါ်လို့တောင် ရလောက်တယ်။

ငါ့ရဲ့ရုပ်ရှင်က အရမ်းဆိုးရွားလွန်းလို့ ဘုရားသခင် အပြစ်ပေးတာများလား? သူမစိတ်ထဲကနေ‌ ရေရွတ်လိုက်မိတယ်။ ပြီးတော့မှ သူမကိုယ်သူမ ပြန်လှောင်လိုက်တယ်။ ဟား၊ အကယ်၍ ဒါကတကယ်ပဲ မကောင်းတဲ့ရုပ်ရှင်တဲ့အတွက် အပြစ်ပေးတာဆိုရင် အနုပညာလောကတစ်ခုလုံး လူပျောက်ကြေညာတွေနဲ့ ပြည့်နေလောက်ပြီ။

နောက်တစ်နေ့မနက်မှာ ဝမ်မားက သူမကိုအိပ်ရာကနေ နှိုးလာတယ်။ သူမမျက်လုံးဖွင့်လိုက်တာနဲ့ ခြင်ထောင်အပြင်ဘက်မှာ ရပ်နေတဲ့ ဝမ်မားကို တွေ့လိုက်ရတယ်။ ဝမ်မားရဲ့လေသံက ရေသေလိုပင်။ "သခင်မလေး အိပ်ရာထပြီး ဆေးကြောရမယ့် အချိန်ရောက်ပါပြီ၊ သခင်က သခင်မလေးအတွက် တန်ဖိုးကြီးပစ္စည်းတချို့ ယူလာခဲ့ပေးပါတယ်"

နင်နင်အိပ်ရာပေါ်ကနေဆင်းကာ မျက်နှာကြည့်သစ်ဖို့ မှန်တစ်ချပ်ကို ရှာကြည့်တော့မယ့် အချိန်မှာပဲ ဝမ်မားက သူမရဲ့မျက်နှာကို မျက်နှာသုတ်ပုဝါနွေးနွေးတစ်ခုနဲ့ သုတ်ပေးလာတယ်။ ပြီးတာနဲ့ သူမကို ဆံပင်ဖြီးပေးတယ်။ နင်နင်သွားတိုက်ဖို့တောင် ကူညီပေးသေးတယ်။ အားလုံးပြီးသွားတာနဲ့ ဝမ်မားကအိပ်ရာဘေးမှာ ဒူးထောက်ချကာ နင်နင့်ကိုဖိနပ်ဝတ်ပေးလာတယ်။

... အခုငါ့ကိုကလေးလိုချီပြီး လမ်းမလျှောက်လောက်ပါဘူးနော်? နင်နင် သူမရဲ့အတွေးနဲ့သူမ လန့်သွားတာကြောင့် ချက်ချင်းအိပ်ရာပေါ်ကခုန်ချကာ အခန်းဝဆီကို လျှောက်သွားလိုက်တယ်။ ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ ဝမ်မားဆီကနေ အော်သံထွက်လာတယ်၊ "သခင်မလေး! မျက်နှာ!"

"ကျွန်မမျက်နှာက ဘာဖြစ်လို့လဲ?" နင်နင် သူမရဲ့မျက်နှာကိုထိကာ မေးလိုက်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now