အခန်း ၇၄: စုန်းမရဲ့တရားခွင်

2.8K 533 12
                                    

{Unicode}

အခန်း ၇၄: စုန်းမရဲ့တရားခွင်

ပထမဗီဒီယိုနှစ်ခုက အိမ်မှာရိုက်ကူးထားတာဖြစ်ပြီး အလင်းရောင်ပိုပြီးတောက်ပတယ်။ ရွှီယွဲ့ရော လင်ယင်းယင်း‌ရောက သူမတို့ရဲ့ကိုယ်ဟန်အမူအရာတွေကို ယန့်ချင်သေချာအသေးစိတ်မြင်နိုင်ဖို့အတွက် အလင်းရောင်အောက်မှာ လင်းလက်တောက်ပနေအောင် အစွမ်းကုန်ကြိုးစားအားထုတ်ထားကြတာဖြစ်တယ်။

ဒါပေမဲ့တတိယဗီဒီယိုကတော့မတူပါချေ- အဲ့ဒါကအပြင်ဘက်မှာ ရိုက်ကူးထားတာဖြစ်တယ်။

တည်နေရာက ကျောင်းတစ်ခုဖြစ်တယ်။

ကောင်းကင်ကမည်းမှောင်နေကာ ကျောင်းသားတွေမရှိ‌တော့ပေ။ စာသင်ခန်းတံခါးက ဖြည်းညင်းစွာပွင့်ဟလာပြီး သိပ်မသဲကွဲတဲ့ အမျိုးသမီးတစ်ယောက်က စာသင်ခန်းထဲလျှောက်ဝင်လာခဲ့တယ်။ ထိုအမျိုးသမီးက အမှောင်ထဲမှာလျှောက်လာကာ နံရံနားမှာရပ်လိုက်တယ်။ ပြီးတော့သူမရဲ့လက်တွေကိုမြှောက်ကာ လက်ထဲမှာကိုင်ထားတဲ့အရာကို နံရံပေါ်ချိတ်ဆွဲလိုက်တယ်။

မီးရောင်ကသူမရဲ့လက်နဲ့ သူမလက်ထဲကအရာပေါ်ကို ထိုးကျလာခဲ့တယ်။

အဲ့ဒါကဓာတ်ပုံဘောင်တစ်ခုဖြစ်တယ်။

ဓာတ်ပုံဘောင်ထဲကပုံကို ယန့်ချင်သေချာမကြည့်ရသေးခင်မှာပဲ မီးရောင်ကဓာတ်ပုံဘောင်ပေါ်ကနေ ထိုအမျိုးသမီးရဲ့ခေါင်းအနောက်ဘက်ကို ရွှေ့ပြောင်းသွားတယ်။

သူမရဲ့ဆံပင်တွေကသေချာဖြီးသင်ထားကာ ဆံထုံးတစ်ခုအဖြစ်ထုံးခံထားရတယ်။ ထိုဆံပင်ပုံစံက သူမရဲ့ကိုယ်လုံးတိအနက်ရောင်အဝတ်အစားနဲ့ လိုက်ဖက်နေကာ သူမကိုရှေးဆန်ပြီး ခေတ်နောက်ကျတယ်လို့ ထင်ရစေတယ်။

"နင့်ရဲ့ပန်းစည်းအတွက်ကျေးဇူးပါပဲ ယန့်ချင်" သူမကကင်မရာကိုကျောပေးထားရင်း ပြောလာတယ်။ "နင်ပြောခဲ့တဲ့အတိုင်း နောက်တစ်ခေါက်လက်ထပ်ရမယ့်သူက ငါ့အလှည့်ပဲ"

ဒေါက်၊ ဖုန်းကကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားတယ်။

ယန့်ချင်ရဲ့လက်တွေတုန်ယင်လို့နေတယ်။ သူမရဲ့မျက်လုံးတွေက ကြမ်းပြင်ပေါ်ကဖုန်းမျက်နှာပြင်ပေါ်ကိုသာ မျက်တောင်မခတ်ဘဲစိုက်ကြည့်လို့နေတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now