အခန်း ၃၃: ပြဇာတ်ရုံတစ္ဆေ

3.9K 646 125
                                    

{Unicode}

အခန်း ၃၃: ပြဇာတ်ရုံတစ္ဆေ

"ဘာပြောလိုက်တာ?" ချန်ကွမ်းချောင်ကရုတ်တရက်ပြေးလာတယ်။ သူ့ဆံပင်တွေကအကုတ်ခံထားရလွန်းလို့ ရှုပ်ပွနေတယ်။

သူကပုံမှန်အချိန်တွေမှာဆို တောက်တောင်ပြောင်ပြောင်ဝတ်စားတတ်တဲ့လူဖြစ်ပေမဲ့ အခုဒီလိုဖြစ်နေတဲ့ပုံကိုကြည့်ရင် တစ်ခုတည်းသောအကြောင်းရင်းက- သူအကြံထပ်မထွက်တော့တာဖြစ်နိုင်တယ်၊ ဒါမှမဟုတ်စာသားမေ့သွားတာမျိုးပေါ့။

နင်ယွိရန်ကဘေးကနေပြေးလာပြီး သူ့ကိုမြေကြီးပေါ်တွန်းချလိုက်တယ်။ သူထရပ်လာတော့ ထပ်ပြီးတွန်းချလိုက်တယ်။

"မင်းဘာလုပ်တာလဲ?" ချန်ကွမ်းချောင်ကမြေကြီးပေါ်ကနေ သူမကိုအော်ပြောလိုက်တယ်။

"ရှင့်ရဲ့ရုပ်ရှင်ကိုခဏလောက်မေ့ထားလို့မရဘူးလား?" နင်ယွိရန်ရဲ့ဆံပင်တွေကလည်းဖွာလန်ကြဲလို့နေတယ်။ သူမကလက်တွေကိုဖြန့်ပြီး နင်နင်နဲ့ဝမ်ယွီအရှေ့မှာကာရပ်လိုက်တယ်။

"လူတွေကအချိန်ကျရင်သေမှာပဲ!" ချန်ကွမ်းချောင်ကသူ့လက်ထဲကစာရွက်ကိုမြှောက်ပြီး သူ့ကိုယ်သူအာဇာနည်တစ်ယောက်လိုထင်နေသလိုမျိုး ရူးကြောင်ကြောင်အမူအရာနဲ့ပြောလာတယ်။ "တစ္ဆေကသာထာဝရတည်ရှိနေလိမ့်မယ်!"

နင်ယွိရန်က စာလုံးတွေနဲ့ပြည့်သိပ်နေတဲ့စာရွက်ကိုဆွဲလုပြီး မြေကြီးပေါ်ပစ်ချကာ ခြေထောက်နှစ်ဖက်လုံးနဲ့ ထပ်ခါတလဲလဲဆောင့်နင်းချလိုက်တယ်။

ချန်ကွမ်းချောင်ကခုန်ဝင်လာပြီး သူ့ရဲ့ဇာတ်ညွှန်းကို သူ့ခန္ဓာကိုယ်နဲ့ကာကွယ်လာတယ်။

သူတို့နှစ်ယောက်ကဆူညံစွာရန်ဖြစ်နေကြတာကြောင့် ဝမ်ယွီခါးကိုင်းပြီးသူ့ရဲ့နားရွက်ကို နင်နင်ရဲ့နှုတ်ခမ်းနားကိုကပ်လိုက်တယ်။

နင်နင်ကသူမရဲ့နှုတ်ခမ်းကို ခက်ခက်ခဲခဲဖွင့်ဟပြီး ရင်ထဲကနေအော်ဟစ်လိုက်တယ်။ 'နှစ်ကောင်လုံးတိတ်တိတ်နေကြ!! ငါ့ရဲ့နောက်ဆုံးစကားလေးကိုပြီးအောင်ပြောပါရစေဦး!!'

နင်နင်ရဲ့အမြင်အာရုံက တဖြည်းဖြည်းမှောင်ကျလာတယ်။ ဝမ်ယွီကသူမရဲ့အရှေ့မှာရှိနေပေမဲ့ သူမကသူ့ရဲ့မျက်နှာကိုမမြင်ရတော့ပေ။ သူမပျာယာခတ်စွာ‌အော်ပြောလိုက်တယ်...

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »حيث تعيش القصص. اكتشف الآن