အခန်း ၂၆: ကောင်းကင်ဘုံကိုမြင်တွေ့ရခြင်း

3.7K 704 35
                                    

{Unicode}

အခန်း ၂၆: ကောင်းကင်ဘုံကိုမြင်တွေ့ရခြင်း

နင်နင်အရာအားလုံးကိုရုပ်ရှင်တစ်ခုပဲလို့လက်ခံလိုက်ပြီးကတည်းက သူမရဲ့လက္ခဏာတွေတော်တော်များများလျော့ကျသွားခဲ့တယ်။

သူမချန်ကွမ်းချောင်အပေါ်မှာ သွားရည်တွေကျရင်းတောင် ပြုံးပြတတ်လာပြီ။

"မင်းဒီနေ့ဘာဖြစ်နေတာလဲ?" ချန်ကွမ်းချောင်ရူးနေသလိုမျိုး ဆံပင်တွေကိုဖွကာ စင်မြင့်ပေါ်မှာခုန်ကြွခုန်ကြွဖြစ်နေတယ်။ နောက်ဆုံးမှာမှသူနင်နင်ရဲ့အရှေ့မှာရပ်ကာ သူမကိုနီရဲနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လာတယ်။ "မင်းရဲ့သရုပ်ဆောင်အရည်အချင်းတွေအကုန် ဘယ်ရောက်ကုန်တာလဲ?"

နင်နင်သူမမျက်နှာပေါ်ကသွားရည်တွေကိုသုတ်လိုက်ကာ သူ့ကိုပြုံးပြလိုက်တယ်။ "ဒါကကျွန်မရဲ့တကယ့်အရည်အချင်းပဲ"

သူမရဲ့သရုပ်ဆောင်အရည်အချင်းက ချူနင်အာရဲ့မေ့ပျောက်လို့မရတဲ့ နာကျည်းမှုဆီကနေလာတာဖြစ်တယ်။ ဒါရိုက်တာပြောခဲ့တာမှန်နေတာပဲ။ သူမကသေလောက်တဲ့အားနည်းချက်နဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်တယ်။ အမုန်းကလွဲပြီးကျန်တဲ့ခံစားချက်တွေကို သူမ,မဖော်ပြတတ်သလို ချူနင်အာကလွဲပြီး အခြားဇာတ်ကောင်တွေကိုလည်း သူမသရုပ်မဆောင်တတ်ပါချေ။

ဒါပေမဲ့ချန်ကွမ်းချောင်ကအမှန်တရားကိုလက်မခံနိုင်ဘဲ သူမကိုဆယ့်ရှစ်ခါမြောက်အော်ပြောလာတယ်။ "နောက်ထပ်!"

ညည်းညူသံတွေက အခန်းထဲမှာပြည့်လျှံသွားတယ်။ လူတိုင်းကနင်နင့်ကို မကျေနပ်တဲ့အမူအရာတွေနဲ့ကြည့်လာကြတယ်။ ချန်ကွမ်းချောင်ရဲ့ဖိအားပေးမှုအောက်မှာ မနက်ကတည်းက ဘယ်သူမှရေတစ်စက်တောင်မသောက်ရသေးပေ။ မိန်းမလှလေးလိုအားနည်းတဲ့သူတွေက လေသင်တုန်းဖြတ်လုနီးပါးတောင်ဖြစ်နေကြပြီဖြစ်တယ်။ အားလုံးကကန့်သတ်ချက်ကိုရောက်နေကြပြီ– နင်နင်အပါအဝင်ပေါ့။

နင်နင်ကအပြာရောင်ဂါဝန်ကိုဝတ်ဆင်ထားကာ အဲ့ဒါကသူမကိုတင်းတင်းကျပ်ကျပ်ရစ်ပတ်လို့ထားတယ်။ သူမရဲ့အထဲမှာ ချွေးတွေရွှဲနစ်နေပြီဖြစ်တယ်။ သူမလမ်းလျှောက်လိုက်တိုင်း အနောက်ကချွေးတွေစက်လက်စက်လက်ကျနေမယ်လို့တောင် နင်နင်ထင်လာတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now