အခန်း ၁၁၅: မိုင်ထောင်ပေါင်းများစွာအဝေး

2.3K 463 34
                                    

{Unicode}

အခန်း ၁၁၅: မိုင်ထောင်ပေါင်းများစွာအဝေး

ခြေသံတွေကရေချိုခန်းနားကိုနီးကပ်လို့လာတယ်။ ကတုံးဆံတောက်နဲ့လူက နင်နင့်ကိုကပျာကယာလွှတ်ပြီး ခပ်ဝေးဝေးမှာရပ်လိုက်တယ်။

"ရေပြည့်ပြီလား?" ဖေရွှမ်ကတံခါးဝမှာလာရပ်တယ်။

"အင်း ပြည့်ပြီ" နင်နင်ဘာမှမဖြစ်သလိုအမူအရာနဲ့ သူ့ကိုပြောလိုက်တယ်။ သူမအခုလေးတင်မြှူဆွယ်လိုက်တဲ့ သူ့ရဲ့နောက်လိုက်နဲ့ လုံးဝမရင်းနှီးနေသလိုပင်။

ဖေရွှမ်ကသူမဘေးကနေဖြတ်လျှောက်သွားရင်း သူ့ရဲ့အင်္ကျီကိုချွတ်လာတယ်။ သူကအသက်လတ်ပိုင်း ကျော်နေပြီဆိုပေမဲ့ နည်းနည်းလေးတောင်မဝနေပေ။ ထောင်ထဲမှာ သူကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့ပုံပဲ? သူ့ရဲ့ဝမ်းဗိုက်ပေါ်မှာ ကြွက်သားတွေတောင်ရှိနေသေးတယ်။

သူကအင်္ကျီကိုဘေစင်ပေါ်ပစ်တင်ပြီး အနောက်လှည့်ကာ နင်နင့်ကိုပြုံးပြလာတယ်။ "ဘာလဲ? ကိုယ်ရေချိုးတာကြည့်ချင်လို့လား?"

နင်နင်ရေချိုးခန်းထဲကနေ ထိတ်ထိတ်ပျာပျာနဲ့ ပြေးထွက်သွားတော့တယ်။ ကတုံးဆံတောက်နဲ့လူလည်း သူမအနောက်ကနေ လိုက်ထွက်လာခဲ့တယ်။

ရေချိုးခန်းတံခါးပိတ်ကျသွားပြီး အထဲကနေရေသံတွေ ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့တယ်။ သူမတို့နှစ်ယောက် အသက်အောင့်ထားရင်း ရေချိုးခန်းထဲကအသံတွေကို နားထောင်နေမိကြတယ်။

"သူ့ကိုသတ်ရမယ်" နင်နင်ကတုံးဆံတောက်နဲ့လူကို ပြောလိုက်တယ်။

ကတုံးဆံတောက်နဲ့လူက သူမရဲ့စကားကိုကြားပြီး လန့်ဖြန့်သွားပုံပေါ်တယ်။ သူက‌ခပ်မြန်မြန်ခေါင်းခါလာတယ်။ "ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း၊ သူ့ကငါ့ရဲ့ဘော့စ်..."

"ကျွန်မတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို သူသိသွားရင် သူရှင့်ကိုဒီတိုင်းလွှတ်ပေးမယ်ထင်လို့လား?" နင်နင်အေးစက်စက်ရယ်လိုက်တယ်။

"သူမသိသေးဘူးလေ" ကတုံးဆံတောက်နဲ့လူရဲ့အမူအရာက အနည်းငယ်အရောင်တောက်သွားတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now