အခန်း ၅၀: အခြားတစ်ဖက်ခြမ်း

2.9K 607 56
                                    

{Unicode}

အခန်း ၅၀: အခြားတစ်ဖက်ခြမ်း

"ရှင်အဲ့နေရာကိုရောက်ဖူးတာလား?" နင်နင်စကားချော်ထွက်သွားပြီးမှ နှုတ်ခမ်းကိုက်လိုက်မိတယ်။

အလင်းရောင်တစ်ခုက ရှီကျုံးထန်ရဲ့မျက်လုံးထဲမှာဖြတ်ပြေးသွားတယ်။

"ကိုယ်ရောက်ဖူးတယ်" သူပြုံးပြလာတယ်။ "ရုပ်ရှင်နာမည်က <လိမ်လည်မှု>၊ အဲ့ဒီရုပ်ရှင်ကဖြစ်ရပ်မှန်ကိုအခြေခံထားတာ၊ အဲ့ဒီဖြစ်ရပ်အကြောင်းကို လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက သတင်းတွေမှာကိုယ်တွေ့ဖူးတယ်၊ လူလိမ်သုံးယောက်ကပိုက်ဆံတွေအများကြီးလိမ်ပြီး နိုင်ငံခြားကိုထွက်သွားဖို့ပြင်နေကြပေမဲ့ သူတို့ထဲကတစ်ယောက်က ကျန်တဲ့နှစ်ယောက်ကိုသစ္စာဖောက်ပြီးထွက်ပြေးသွားတယ်၊ အဆုံးမှာသူတို့အားလုံးသေသွားကြတယ်လေ၊ ကိုယ်အဲ့ဒီရုပ်ရှင်ရုံထဲဝင်တဲ့အချိန် တစ်လောကလုံးမှောင်ကျလာပြီးတော့– ကိုယ်အဲ့ဒီလူလိမ်သုံးယောက်ထဲကတစ်ယောက်ဖြစ်သွားတယ်"

နင်နင်သူ့ဘေးနားမှာထိုင်ချကာ သူ့ရဲ့ဇာတ်လမ်းကိုနားထောင်နေမိတယ်။

ရှီကျုံးထန်ကသရုပ်ဆောင်မလုပ်ရင်တောင် ပုံပြောဆရာအဖြစ်နဲ့လုပ်စားလို့ရလောက်တယ်။ သူပြန်ပြောပြတဲ့ဇာတ်လမ်းဇာတ်ကြောင်းတွေက ကွင်းကွင်းကွက်ကွက်ရှင်းလင်းနေတယ်။

အခြားလူတွေကိုလှည့်စားဖို့ သူကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ဟန်ဆောင်ပြီး "အား ကျွန်မရေမြွှာပေါက်သွားပြီ!" လို့အော်ခဲ့ရတယ်ဆိုတာကိုပြောလာတဲ့အချိန်မှာ နင်နင်မထိန်းနိုင်ဘဲရယ်မိသွားတယ်။ ပြီးတော့သူကားပေါ်ကယာဉ်မောင်း၊ အခြားခရီးသည်တစ်ယောက်နဲ့ တရုတ်သမားတော်တစ်ယောက်ကိုတောင်အရူးလုပ်နိုင်ခဲ့ပြီး ထိုလူတွေအကုန်လုံးသူ့ကိုသားဖွားဆရာဝန်ဆီ လိုက်ပို့ပေးခဲ့ရတယ်တဲ့လေ။

...ခဏနေပါဦး!‌ ငါဘယ်သူလဲ၊ ဘယ်ရောက်နေတာလဲ၊ ဘာလုပ်နေတာလဲ? ငါဘာဖြစ်လို့ဒီမှာပုံပြင်ထိုင်နားထောင်နေတာလဲ?

"အဟမ်း!" သူမကိုရယ်ချင်လာအောင်လုပ်နေတဲ့ပုံရိပ်ကို နင်နင်ခေါင်းထဲကနေခါထုတ်လိုက်တယ်။ ပြီးတော့သူ့ကိုတည်တည်ကြည်ကြည်ပြောလိုက်တယ်။ "ရှင်အဲ့ဒီနေရာကိုမသွားခဲ့သင့်ဘူး"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now